နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး(၁/ ၂၀၂၂) ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ  ၁၄


နေပြည်တော်ကောင်စီ     ဒေသ ဆိုင်ရာ         ခရီးသွားလုပ်ငန်း ကော်မတီ   အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀နာရီ တွင်   နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌    ကျင်းပ သည်။

 


အစည်းအဝေးတွင်   နေပြည် တော်   ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ ဒေါက်တာ   မောင်မောင်နိုင်က ယခင်     ခရီးစဉ်နေရာများအပြင် ခရီးစဉ်     နေရာအသစ်များ ဖော်ထုတ်ခြင်း၊     သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်း များ၊  စိုက်ပျိုးရေး၊   မွေးမြူရေး ကိုအခြေခံသော ခရီးသွားလုပ်ငန်း များ၊ အားကစားကိုအခြေခံသော ခရီးသွား    လုပ်ငန်းများဖြင့် ခရီးစဉ်ဒေသများ   ပေါ်ထွန်းလာ အောင်     ဆောင်ရွက်ခြင်း၊ နေပြည်တော်အတွင်းရှိ ဟိုတယ် နှင့်  တည်းခိုရိပ်သာများ  ပြုပြင် မွမ်းမံခြင်းနှင့်  ခရီးစဉ်နေရာများ သန့်ရှင်းသာယာ  လှပစေရေး၊ စိမ်းလန်းစိုပြည်စေရေး၊  ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး တို့ကို  ဝိုင်းဝန်းအကြံပြုကြစေလို ကြောင်း၊ ထို့အတူ နေပြည်တော်ဖွံ့ဖြိုးတိုးတက်စေရေးကို  အဘက် ဘက်မှ စီမံဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် အောင်လည်း   ဆောင်ရွက်ရမည် ဖြစ်ရာ  ဟိုတယ်နှင့်  ခရီးသွား ကဏ္ဍဖွံ့ဖြိုး  တိုးတက်လာစေရေး အတွက်      ခရီးသွားလုပ်ငန်း အသိပညာများ၊  ဗဟုသုတများ၊ အတွေ့အကြုံများဖြင့်  အကြံပြု ဆွေးနွေးကြ     စေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ    နေပြည်တော် ကောင်စီဝင်   ဦးဇေယျာလင်းနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော်ဟိုတယ်နှင့်   ခရီး သွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး      ဒေါက်တာ သန်းဇော်တို့က   နေပြည်တော် ကောင်စီဒေသဆိုင်ရာ  ခရီးသွား လုပ်ငန်းများနှင့်    ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက်   နေပြည်တော် ကောင်စီဒေသဆိုင်ရာ   ခရီးသွား လုပ်ငန်း ကော်မတီဝင်များ၊  ခရီး သွားလုပ်ငန်း   တတ်သိပညာရှင် များ၊  ခရီးသွား    လုပ်ငန်းအဖွဲ့ အစည်း   ကိုယ်စားလှယ်များက နေပြည်တော်ကောင်စီ     ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက်  ရှင်းလင်းတင်ပြဆွေးနွေး ကြရာ    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက   ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်