
နေပြည်တော် ဩဂုတ် ၆
ပြည်ထောင်စုနယ်မြေ နေပြည် တော် အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ပိုမို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး ကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံသို့ သွားရောက် လေ့လာကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်က စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံအတွင်း ရာသီသီးနှံ စိုက်ပျိုး ထားရှိမှု၊ ဥစားကြက် မွေးမြူရေး ခြံများနှင့် အအေးခန်း ဥစားကြက် မွေးမြူရေးခြံများ၊ အသားတိုး ကြက်မွေးမြူရေးခြံ၊ ဝက်မွေးမြူ ရေးခြံ၊ နို့စားနွားမွေးမြူရေးခြံနှင့် အသားတိုးနွား မွေးမြူရေးခြံများ၊ ငါးမွေးမြူရေး ကန်များသို့ လိုက်လံပြသပြီး မွေးမြူထားရှိ သည့် အခြေအနေများကိုလည်း ကောင်း၊ အစားအစာကျွေးမွေးမှု ကိုလည်းကောင်း၊ နွားနို့၊ အသား များနှင့် ကြက်ဥများထွက်ရှိမှုကို လည်းကောင်း အသေးစိတ် ရှင်လင်းပြောကြားသည်။
ထွက်ရှိသော နွားနို့၊ အသား များနှင့် ကြက်ဥများကို တပ်ရင်း တပ်ဖွဲ့မိသားစုများ သာမက ပိုလျှံ၍ ပြည်သူများကိုလည်း ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်