
လယ်ဝေး ဖေဖော်ဝါရီ ၁၆
နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဦးမင်းဦးနှင့် ဦးဟန်သူတို့သည် နေပြည်တော် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၃၀၀) ဆေးရုံကြီးနှင့် လယ်ဝေးမြို့နယ် (ခုတင် - ၁၀၀)ဆေးရုံမှ အထူးကု ဆရာဝန်များပါဝင်သောအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေး မြို့နယ် သာဝတ္ထိတိုက်နယ်ဆေးရုံ၌ သာဝတ္ထိကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာအုပ်စု ကိုးအုပ်စုမှ ဒေသခံ ပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာ ရေးစောင့်ရှောက်ပေးနေမှုကို တာဝန်ရှိသူများနှင့် အတူ သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒေသခံပြည်သူများအား အခမဲ့ဆေးကု သပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် တာဝန် ရှိသူများ ဒေသခံပြည်သူများအား အထူးကုဆရာဝန် ကြီးများက ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံ ရှင်းလင်းပြသရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ က အထူးကုဆရာဝန်ကြီးများအား ဂုဏ်ပြုသစ်သီး ခြင်း လက်ဆောင်ပေးအပ်ပြီး လာရောက်ဆေးကုသမှု ခံယူသည့် ဒေသခံပြည်သူများအား ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရပြည့်စားသောက်ဖွယ် ရာပစ္စည်းများ ပေးအပ်သည်။
ယနေ့ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၈၈ ဦး၊ မျက်စိလူနာ ၁၀၄ ဦး၊ ခွဲစိတ် ၂၆ ဦး၊ အရိုးလူနာ ၆၉ ဦး၊ ကလေးလူနာ ၃၁ ဦး၊ သားဖွားမီးယပ်လူနာ ၁၀ ဦး၊ သွားလူနာ ၃၇ ဦး စုစုပေါင်းလူနာ ၃၆၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး လူနာ ၄၉ ဦးကို ဆေးရုံကြီး များသို့ လွှဲပြောင်း၍ ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ သည် လယ်ဝေးမြို့နယ် (ခုတင် - ၁၀၀) ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံသန့်ရှင်းသာယာရေးဆောင်ရွက် ထားမှုများကို လှည့်လည်ကြည့်ရှုကာ ဆေးရုံရှေ့ မျက်နှာစာတွင် ပန်းခြံပြုလုပ်ရန်အတွက် စီစဉ် ဆောင်ရွက်နေမှုများကို ကြည့်ရှု၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)