
လယ်ဝေး မေ ၁၃
နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးသည် မေ ၉ ရက်က လယ်ဝေးမြို့နယ် လေဘေးသင့် ကျေးရွာများသို့ သွားရောက်၍ ကျေးရွာများ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်ရေး အတွက် ဆွေးနွေးမှာကြားသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ရပ်မိရပ်ဖများ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ နှင့် တွေ့ဆုံ၍ မကြာခင်ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေး အန္တရာယ်အား ကြိုတင်ကာကွယ် နိုင်ရန်အတွက် အစီအမံများကို စနစ်တကျ ဆောင်ရွက်ရန်၊ သဘာဝဘေးကျရောက်လာပါက ခိုလှုံရန်အတွက် သတ်မှတ်ထား သည့်နေရာသို့ အစုအဖွဲ့များ အလိုက် အမြန်ဆုံးရောက်ရှိနိုင်ရေး အတွက် သရုပ်ပြ လေ့ကျင့် အသင့်ပြင်ဆင်ထားရန်၊ သဘာဝ ဘေးနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ကျေးရွာသူ ကျေးရွာသားများ အမြန်ဆုံးသိရှိ နိုင်ရေးအတွက် ပြန်ကြားရေး ကော်မတီမှ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ရန်၊ လေဘေး သင့် ကျေးရွာများအတွက်လှူဒါန်း ထားသည့် ပစ္စည်းများအား ဘေးလွတ်ရာ လုံခြုံသည့် အမိုး အကာအောက်သို့ အမြန်ဆုံး ပြောင်းရွှေ့ရန်၊ ကျေးရွာများ ပြန်လည်ထူထောင်ရေး အတွက် အဆိုပြုပုံစံနှစ်မျိုးကို ကျေးရွာ ပြည်သူများအား ရှင်းလင်း ပြောကြား၍ အများသဘောတူ သည့်ပုံစံကို မြေပြင်အခြေအနေနှင့် အဆင်ပြေအောင် ဆောင်ရွက်ရန် စသည်တို့ကို ရှင်းလင်းမှာကြား ခဲ့သည်။
ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် အောင်မြင်ကုန်းကျေးရွာ ယာယီ စာသင်ကျောင်းဆောင် ဆောက် လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး အောင်မြင်ကုန်းနှင့် တံတားဦး ကျေးရွာများရှိ ကျေးရွာသူကျေးရွာ သားများ ယာယီဆောက်လုပ် နေထိုင်လျက်ရှိသည့် နေအိမ်များ သို့ သွားရောက်၍ အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်၍ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ဝေကြည်(ပြန်/ဆက်)