နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ကျေးရွာများရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး

 

လယ်ဝေး    ဇွန်   ၉


နေပြည်တော်ကောင်စီ   အဖွဲ့ဝင် ဦးမြင့်စိုးသည်   ဒက္ခိဏခရိုင်   စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်   လယ်ဝေး မြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက       လယ်ဝေးမြို့နယ် အေလာကျေးရွာ   စိုက်ပျိုးစီးပွား    အသိပညာပေးစင်တာ        (KC)ခန်းမ၌          ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆွေးနွေးသည်။

 


ရှေးဦးစွာ     နေပြည်တော် ကောင်စီအဖွဲ့ဝင်    ဦးမြင့်စိုးက တောင်သူများ၏   လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစား လုပ်ဆောင်ရမည်  ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသာမက       တစ်နိုင် တစ်ပိုင်   မွေးမြူရေးမှ   အစပြု၍ တိုးတက်မွေးမြူနိုင်ရေး  စသည် ဖြင့်     ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ      ဦးမြင့် ဆောင်က        ဓာတ်မြေဩဇာ များ      ဝယ်ယူနိုင်ရေးအတွက်    လည်းကောင်း၊  ကျေးလက်ဦးစီး မှူး     ဦးကျော်သူရက ကျေးလက် ဦးစီးဌာနတွင်    ဝယ်ယူနိုင်သည့်   ဓာတ်မြေဩဇာများ       ဖြန့်ချိ ရောင်းချမည့်     လုပ်ငန်းများကို လည်းကောင်း၊    မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး       ဦးစောဝင်းက သီးနှံများအထွက်နှုန်းကောင်းမွန် စေရေးအတွက်      ရာသီဥတု နှင့်ကိုက်ညီသည့်    မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးရေးအတွက် လည်းကောင်း၊  မွေး/ကုဦးစီးမှူး ဒေါက်တာလှမျိုးသန့်က       ရာသီ အလိုက်     ဖြစ်ပွားတတ်သော ရောဂါများနှင့်    ကျွဲ၊   နွား ခွာနာ လျှာနာရောဂါအကြောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်    ဦးဝင်း အောင်က  ဓာတ်မြေဩဇာများကို စနစ်တကျ   သုံးစွဲနိုင်ရေးအတွက် နည်းလမ်းများကို  လည်းကောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက်     အေလာဒေသ အတွင်းရှိ ကျေးရွာငါးရွာမှ  ဒေသခံ တောင်သူများက  ဆည်ရေရရှိရေး၊ ဓာတ်မြေဩဇာ    ဝယ်ယူရရှိရေး၊ အဆင့်မြင့်လယ်ယာမြေ     ဖော် ထုတ်ရေး၊ ကျေးရွာချင်းဆက်လမ်း များ   ဖောက်လုပ်ရေး၊   စိုက်ပျိုး စရိတ်များ      ထုတ်ချေးရာတွင် လိုအပ်သည့်   အချက်များစသည် တို့ကို     တင်ပြရာ    မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာဌာနများမှ    ပြန်လည်ရှင်းလင်း ဆွေးနွေးကာ        နေပြည်တော် ကောင်စီအဖွဲ့ဝင်မှ       ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

မြို့နယ်(ပြန်/ဆက်)