
နေပြည်တော် ဇူလိုင် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရသီရိ မြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက မင်းကုန်းကျေးရွာ အုပ်စု သဲကျွန်းကွက်သစ်၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကား ပြောကြားသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ စုစုပေါင်းအင်အား ၁၅၀ ခန့် စုပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ မိုးခေါင် ရေရှားမှုမဖြစ်ပေါ်စေရန်၊ သစ်တော သစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ မဟော်ဂနီ၊ ကျွန်း၊ တမာ၊ ခရေ၊ စိန်ပန်း၊ ယင်းမာ၊ ကုက္ကို၊ မဲဇလီ၊ ငုရွှေဝါ နှင့် ပိတောက် စသည့် ပျိုးပင် ပေါင်း ၁၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဦးစီးဌာနတို့က လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကိုတင်ပြရာ နေပြည် တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာ လင်းက သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အောင်မျိုးဝင်း
(ပြန်/ဆက်)