
နေပြည်တော် အောက်တိုဘာ ၁၃
နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ် ကျေးရွာများအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာ ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်နေသော နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ယနေ့ တွင် သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အထက်)ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်အဖွဲ့နှင့်အဖွဲ့ သည် လေးအိမ်စုကျေးရွာနှင့် မရမ်းတောင်(အထက်) ကျေးရွာလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး ပြင်ဆင် ဆောင်ရွက်နေမှုနှင့် အခြားလိုအပ်သည်များကို ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် မရမ်းတောင်(အထက်)ကျေးရွာ အခြေခံပညာမူလ တန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူ များအနေဖြင့် စာပေကြိုးစားသင်ယူပြီး ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်သည့် လူတော်လူကောင်းများဖြစ်စေရန် ကြိုးစားပေးစေလို ကြောင်း မှာကြားကာ ကျောင်းသား ကျောင်းသူများ အတွက် စားသောက်ဖွယ်ရာများ ဝေငှပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့သည် မရမ်းတောင် (အထက်) ကျေးရွာရှိ ဓမ္မသပ္ပတိဝိဟာရကျောင်းတိုက်၌ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုတို့နှင့် တွေ့ဆုံ သည်။
ထိုသို့ တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင် က မိမိအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပျဉ်းမနားမြို့နယ် အတွင်းရှိ တောင်ပေါ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိရာ တောင်ပေါ်ဒေသနေ ပြည်သူ လူထု စာတတ်မြောက်ရေးအတွက်လည်း မိမိအနေ ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ကျောင်းသား ကျောင်းသူ များအတွက် စာပေသင်ကြားရေးတွင် တစ်ဖက် တစ်လမ်းမှ အားဖြည့်ကူညီသင်ကြားပေးနေကြသော ၁၀ တန်း အောင်မြင်ပြီးသည့် လုပ်အားပေးဆရာ၊ ဆရာမများကိုလည်း ၎င်းတို့ဝါသနာပါရာ အဆင့်မြင့် ပညာရပ်များ ဆက်လက်သင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ထို့ပြင် တောင်ပေါ်ဒေသများသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်အတွက် ယင်းကဏ္ဍ ကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း ဒေသ ၏ အဓိကလိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြ ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးသည်လည်း အရေး ကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လူထု တစ်သားတည်းရှိပြီး ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သစ်တွန်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့် အဖွဲ့အနေဖြင့် သစ်တွန်ကျေးရွာအုပ်စုအတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကျေးရွာများအရောက် သွားရောက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့သည် မရမ်းတောင်(အထက်) ကျေးရွာ ဓမ္မသပ္ပတိဝိဟာရကျောင်းတိုက် ဆရာတော် ဦးပညာ သီရိအား ပူဇော်ကန်တော့၍ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးခြင်း၊ နေပြည်တော် ကုသရေးဦးစီးဌာနမှ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မရမ်းတောင်(အထက်)ကျေးရွာ ကျေးလက်ကျန်းမာ ရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။
သတင်းစဉ်