နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ဇေယျာသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   ဇန်နဝါရီ   ၁၆
နေပြည်တော်    ဇေယျာသီရိမြို့နယ်   ကျောက်ဖျာ ကျေးရွာအုပ်စု ကျောက်ဖျာကျေးရွာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊  လုံခြုံရေး၊  တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ရောက်ရှိ နေကြသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး ကြီး မင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည်       ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ယနေ့နံနက် ပိုင်းတွင် အောင်သပြေကျောင်းတိုက်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ်     နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော်ကောင်စီ အတွင်းရှိ   တောင်ပေါ်ဒေသများသို့   ဌာနဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင်လိုက်ပါ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ပညာရေး၊ ကျန်းမာ ရေး၊  လမ်းပန်းဆက်သွယ်ရေး၊  လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဦးစားပေးဆောင်ရွက်ပေးရန် ရောက်ရှိလာ ခြင်းဖြစ်ကြောင်း၊ နေပြည်တော် ရှစ်မြို့နယ်ရှိ  ရပ်ကွက်၊ ကျေးရွာများအနက် ဇေယျာသီရိမြို့နယ် ကျောက်ဖျာ ကျေးရွာအုပ်စု ကျောက်ဖျာကျေးရွာနှင့် ရွာသစ်ကုန်း ကျေးရွာ နှစ်ရွာတို့သည် လျှပ်စစ်မီးကို ရာနှုန်းပြည့်ရရှိ သည့် ကျေးရွာဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများ ရေးဆွဲပြီး ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊      ဒေသခံပြည်သူများအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်     ဒေသနှင့် ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးသင့်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ရွာသစ်ကုန်းကျေးရွာ အောင်ဇမ္ဗူကျောင်း တိုက်ဆရာတော်ထံ  ဆန်၊ ဆီ၊ ဆေးဝါး၊ သင်္ကန်း၊ ခေါင်းအုံး၊ စောင်နှင့်ခြင်ထောင်၊ လှူဖွယ်ဝထ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်း၊ ကျေးရွာနေ ပြည်သူ လူထုများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် ခြင်း၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ အတွက်   စားသောက်ကုန်ပစ္စည်း၊  ဆေးဝါးများနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း၊ ပြည်သူ့စစ်အဖွဲ့ဝင် များကို     ထောက်ပံ့ပစ္စည်းများ    ပေးအပ်ခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍    ဇေယျာသီရိမြို့နယ်    လူဝင်မှု ကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး က ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ပေးအပ်သည်။ 
ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ရွာအဝင် ရွာအထွက်လမ်း ကွန်ကရစ်လမ်းခင်းပေးနိုင်ရေးနှင့် ဆက်သွယ်ရေးကောင်းမွန်ရေး တာဝါတိုင် များ  တည်ဆောက်ပေးနိုင်ရေးတို့ကို  တင်ပြကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများ နှင့်    စပ်လျဉ်း၍    ပြန်လည်ဆွေးနွေးတင်ပြကြပြီး ကျောက်ဖျာကျေးရွာ   ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား   ပြောကြားကာ  နေပြည်တော် ကောင်စီအဖွဲ့ဝင်က  နိဂုံးချုပ်အမှာစကားပြောကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြ သည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ၍(ဝဲပုံ) စားသောက်ဖွယ်ရာများ  ပေးဝေပြီး  နယူးဇမ္ဗူမြင့်မိုရ် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် ကျောင်း ဆောင်သစ်ကို ကြည့်ရှုစစ်ဆေး၍ အရည်အသွေး ပြည့်မီအောင်  ဆောက်လုပ်ရေး၊  သတ်မှတ်ကာလ အတွင်း  ပြီးစီးရေးတို့ကို  မှာကြားခဲ့ကြောင်း  သိရ သည်။                       သတင်းစဉ်