
နေပြည်တော် မတ် ၃၀
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်သည် ယမန်နေ့ ညနေပိုင်းက နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မင်္ဂလာကန်အမှတ်(၂) ရှိ ကွန်ကရစ် လျှောက်လမ်းတွင် ရေနုတ်မြောင်း များ ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်လမ်း ချဲ့ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် စစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး မြို့တော်ဝန်က မင်္ဂလာကန် သာယာလှပစေရေးနှင့် သန့်ရှင်း ရေးကို အမြဲမပြတ်ဆောင်ရွက်ကြ ရန်နှင့် မင်္ဂလာကန် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို စနစ်တကျ ဖြင့် အချိန်မီ ပြီးစီးစေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ မင်္ဂလာကန် အမှတ် (၁) အဝင် ကားရပ်နားရန် နေရာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ကန်ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က ပန်းအလှပင်များ ထပ်မံထည့်သွင်း စိုက်ပျိုးရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကျောက် မျက်ပြတိုက်အနီးရှိ မင်္ဂလာသိဒ္ဓိ ပန်းခြံကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သန့်ရှင်း သာယာလှပရေးလုပ်ငန်း ဆောင် ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြ ကြပြီး မြို့တော်ဝန်က ထပ်မံ တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်း များကို မှာကြားသည်။
ယင်းနောက် စံပယ်လမ်းနှင့် ရာဇသင်္ဂဟလမ်း လမ်းဆုံတွင် မီးပွိုင့် တပ်ဆင်ရန်အတွက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်