နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့
အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း     ၅    ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ    ၁၄   ရက်)
နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
နိုင်ငံသားတိုင်းသည်  ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှု  မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့်  ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့ စစ်မှုထမ်းဥပဒေ   ပုဒ်မ  ၇  အရ   နေပြည်တော်ကောင်စီ    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို  အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
    (က)    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ    ဥက္ကဋ္ဌ    
    ( ခ    )    ဒုတိယတိုင်းမှူး    ဒုတိယဥက္ကဋ္ဌ(၁)
        နေပြည်တော်တိုင်းစစ်ဌာနချုပ်
    (    ဂ    )    နေပြည်တော်ကောင်စီဝင်၊ အဖွဲ့ဝင် ၁    ဒုတိယဥက္ကဋ္ဌ(၂)
    (ဃ)    နေပြည်တော်ကောင်စီဝင်၊ အဖွဲ့ဝင် ၃    အဖွဲ့ဝင် 
    ( င )    ညွှန်ကြားရေးမှူးချုပ်    အဖွဲ့ဝင်
        ဥပဒေရေးရာဝန်ကြီးဌာန
    ( စ )    ဦးစီးဗိုလ်မှူးကြီး(စစ်ရေး)    အဖွဲ့ဝင်
        နေပြည်တော်တိုင်းစစ်ဌာနချုပ် 
    (ဆ)    ရဲတပ်ဖွဲ့မှူး    အဖွဲ့ဝင်
        နေပြည်တော်ရဲတပ်ဖွဲ့
    (    ဇ    )    နေပြည်တော်ကောင်စီဦးစီးမှူး    အဖွဲ့ဝင်
        လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
    (ဈ    )    အုပ်ချုပ်ရေးမှူး    အတွင်းရေးမှူး
        နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
                                                              ဥက္ကဋ္ဌ
                                                                       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့