နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်သစ်များ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၃


၂၀၂၂-၂၀၂၃        ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ    ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်   တည် ဆောက်လျက်ရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော် ပျဉ်းမနား မြို့နယ်အတွင်းရှိ ကျောင်းဆောင် သစ်များ     ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်    ကျင်းပ သည်။

 


နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ပျဉ်းမနား မြို့နယ်   နတ်သူရဲကျေးရွာအုပ်စု ပေါစံခေါကျေးရွာ    အခြေခံပညာ မူလတန်းလွန်ကျောင်း   ကျောင်း ဆောင်သစ်ဖွင့်ပွဲနှင့်    ပျဉ်းမနား မြို့နယ် လဲလူးအိုင်ကျေးရွာအုပ်စု လဲလူးအိုင်ကျေးရွာ   အခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောင် သစ်    ဖွင့်ပွဲအခမ်းအနားများကို အဆိုပါ    ကျောင်းဆောင်သစ် မျက်နှာစာများတွင်   ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် များဖြစ်ကြသည့်      ဗိုလ်မှူးကြီး မင်းနောင်၊     ဦးဇေယျာလင်း၊ ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးကြာညို၊ GBH ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝေလင်း စိုးနှင့် တော်ဝင်ထီးလှိုင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ   ဦးတင် မောင်ဦးတို့က ကျောင်းဆောင်သစ် များကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

 


ဖွင့်ပွဲအခမ်းအနားများတွင်  နေပြည်တော်   ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က ပညာ ရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်စေရန်  နေပြည်တော်ကောင်စီအနေဖြင့် ငွေလုံးငွေရင်း      ခွင့်ပြုရန်ပုံငွေ ဖြင့်  ကျောင်းဆောင်များရရှိရေး အတွက်   ဆက်လက်ပံ့ပိုးဆောင် ရွက်ပေးသွားမည့်   အခြေအနေ များကို     ရှင်းလင်းပြောကြား သည်။

 


ယင်းနောက် ကျောင်းဆောင် သစ်များနှင့်     ပတ်သက်သည့် အချက်အလက်များကို     GBH ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ နှင့်  တော်ဝင်ထီးလှိုင်ကုမ္ပဏီမှ မန်နေးဂျင်း     ဒါရိုက်တာတို့က လွှဲပြောင်းပေးအပ်ရာ    မြို့နယ် ပညာရေးမှူးတာဝန်ခံ    ဦးတင် ဆန်းက လက်ခံရယူသည်။

 


ထို့နောက်     နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်  တာဝန် ရှိသူများသည်     ကျောင်းဆောင် သစ်များအတွင်း     လှည့်လည် ကြည့်ရှုကြသည်။

 


ယနေ့ဖွင့်လှစ်သည့် ကျောင်း ဆောင်သစ်များသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊      နေပြည်တော် ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်  အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ  တစ်ထပ် ကျောင်းဆောင်များဖြစ်ကြောင်း သိရသည်။

သတင်းစဉ်