နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ်၌ တိုက်ခန်းအတွင်း ဝင်ရောက်၍ ငွေများခိုးယူသူ နှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော်  ဩဂုတ်  ၂၂
ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် CL-2  တိုက်(၁၀) အခန်း(၁၄)နေ  ဒေါ်ဝင်းဝင်းမော်   (၅၃)  နှစ်သည် ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲတွင် ရုံးမှ နေအိမ်တိုက်ခန်းသို့ ပြန်လည် ရောက်ရှိစဉ် အိပ်ခန်းရှိ ဗီရိုအတွင်း ထားရှိသော     ငွေကျပ်ရောရာ ၄၈၅၈၀၀၀၀   အနက်  ငွေကျပ် ၈၀၀၀၀   ကိုသာ     တွေ့ရှိရပြီး ငွေကျပ်  ၄၈၅ သိန်းမှာ ပျောက်ဆုံး နေသဖြင့် ခိုးယူသွားသူအား စုံစမ်း ဖော်ထုတ်     အရေးယူပေးပါရန် တိုင်တန်းချက်အရ     ဇမ္ဗူသီရိ မြို့နယ်    အမှတ်(၉)  နယ်မြေ ရဲစခန်း(ပ)၃၈/၂၀၂၄၊  ရာဇသတ် ကြီးပုဒ်မ  ၃၈၀  ဖြင့်  အမှုဖွင့်လှစ် စုံစမ်းခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးအတွက် အခင်း ဖြစ်ရပ်မှတ်တမ်းများ    စစ်ဆေး ခြင်း၊   ၎င်းတိုက်တွင်    ဧည့်စိမ်း ရောက်ရှိနေထိုင်မှု  ရှိ/ မရှိတို့ကို စစ်ဆေးခြင်းတို့  ဆောင်ရွက်ခဲ့ရာ CL-2 တိုက်(၁၀)  အခန်း(၀၄)နေ စန်းစန်းမော် (၃၈) နှစ်၏ နေအိမ် တိုက်ခန်းတွင်     အစ်ကိုဝမ်းကွဲ ဖြစ်သူ တင်ထွေး(၄၀)နှစ် ရောက်ရှိ နေထိုင်လျက်ရှိကြောင်း  သိရှိရ၍  စန်းစန်းမော်နှင့်   တင်ထွေးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ စန်းစန်းမော် သည်      အစ်ကိုဝမ်းကွဲဖြစ်သူ တင်ထွေးအား   အခန်း (၁၄) နေ  ဒေါ်ဝင်းဝင်းမော်၏         တိုက်ခန်း အတွင်း ငွေများဝင်ရောက်ခိုးယူရန် စေခိုင်းသဖြင့်   ဩဂုတ် ၁၉ ရက် နံနက် ၁၀  နာရီ    ၄၅ မိနစ်တွင် အဆိုပါ  တိုက်ခန်းအတွင်း  လူမရှိ ချိန်၌    အခန်းတံခါးသော့ဖျက် ဝင်ရောက်ကာ  ငွေကျပ်  ၄၈၅ သိန်းခိုးယူခဲ့ပြီး    စန်းစန်းမော်နှင့် အတူ CL-4 တိုက် နောက်ကျော ဘက်ရှိ ချုံထဲတွင်  ကြွပ်ကြွပ်အိတ် အစိမ်းရောင်ဖြင့် ထုပ်၍ ဝှက်ထား ကြောင်း     သိရှိရ၍    သက်သေခံ ပစ္စည်းများအား     သက်သေများ နှင့်အတူ သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်တွင် တိုက်ခန်းအတွင်း ဝင်ရောက်၍     ငွေများခိုးယူသူ တရားခံ   တင်ထွေးနှင့်    စန်းစန်း မော်တို့နှစ်ဦးကို သက်သေခံပစ္စည်း များနှင့်အတူ     ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက် စွာ   အရေးယူနိုင်ရေး    လုံခြုံရေး တပ်ဖွဲ့ဝင်များက    ဆက်လက် စစ်ဆေး      ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။   
သတင်းစဉ်