နေပြည်တော်ဒေသအတွင်း ထွက်ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ကြမ်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်သွားမည်

 

လယ်ဝေး     ဇန်နဝါရီ      ၁၈


ပြည်ထောင်စုနယ်မြေ    လယ်ဝေး မြို့နယ်     အေလာကျေးရွာအုပ်စု စိုက်ပျိုးရေး    အသိပညာပေးရေး စင်တာတွင် ဇန်နဝါရီ  ၁၇   ရက်က   နေပြည်တော်ကောင်စီ     အဖွဲ့ဝင်      ဦးဇေယျာလင်းနှင့် အေလာကျေးရွာ အုပ်စုမှ      အသေးစားစက်မှု လုပ်ငန်း ရှင်များနှင့်   အသေးစား အိမ်တွင်းလက်မှုပညာ  သင်တန်း မှ    သင်တန်းသား၊    သင်တန်း သူများနှင့်  တွေ့ဆုံပွဲ    ကျင်းပ သည်။

 


ရှေးဦးစွာ    နေပြည်တော် ကောင်စီအဖွဲ့ဝင်  ဦးဇေယျာလင်း က  အမှာစကားပြောကြားရာတွင် နေပြည်တော်ဒေသအတွင်း ထွက် ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေး ကို အခြေခံသည့်  ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် ၍     ကျေးရွာတစ်ရွာ   ထုတ်ကုန် တစ်ခု (One Village ၊ One Product)  အသွင်  ဖော်ဆောင်နိုင်ရန်ဖြစ်ပါ ကြောင်း၊    ၇၀   ရာခိုင်နှုန်းသော ကျေးလက်နေ   ပြည်သူလူထု၏ လူမှုစီးပွားဘဝများ       ဖွံ့ဖြိုး တိုးတက်လာစေရန်       အတွက် အားထည့်ကြိုးပမ်းလုပ်ဆောင်နေကြောင်း၊  သီးနှံများကို  တန်ဖိုးမြှင့် ထုတ်ကုန်များ    ထုတ်လုပ်နိုင်ရန် အတွက် လိုအပ်သည့်  နည်းပညာ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးနေခြင်းဖြစ်ပါကြောင်း၊  ယနေ့ လာရောက်ခြင်းသည် မိမိတို့ဒေသ တွင်း၌ပင် အလုပ်အကိုင်  အခွင့် အလမ်းကောင်းများကို    ဖန်တီး ပေးနိုင်ရန်  ရည်ရွယ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 


ဆက်လက်၍    အသေးစား စက်မှုလက်မှုလုပ်ငန်း   ဦးစီးဌာန တိုင်းဦးစီးမှူး     ဒေါ်မိုးမိုးအေးက ဒေသထွက်     ကုန်ကြမ်းများကို အခြေခံပြီး    တန်ဖိုးမြှင့်ထုတ်ကုန် များ  ထုတ်လုပ်လာနိုင်ရန်အတွက် နည်းပညာသင်တန်းများ   ဖွင့်လှစ် ဆောင်ရွက်ပေးနေသည့် အစီအမံ များ၊  ဈေးကွက်အနေဖြင့် City Mart ၊  Naypyitaw Wholesale နှင့်   S&A Distribution   တို့နှင့် ချိတ်ဆက်    ဆောင်ရွက်ပေးနေမှု အခြေအနေများ၊    အသေးစား လုပ်ငန်းများ၊   မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ရရှိလာမည့်   အကျိုး ကျေးဇူးများအား         ရှင်းလင်း ဆွေးနွေးသည်။

 


ထို့နောက်   လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့         ဥက္ကဋ္ဌ ဦးမြင့်ဆောင်က     ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြကာ အဖွဲ့ဝင် ဦးဝင်းအောင် က   စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ  ထုတ်လုပ်နိုင်မည့်    ကုန် ပစ္စည်းများအကြောင်း ရှင်းလင်း ဆွေးနွေးသည်။     ထို့နောက် တက်ရောက်လာကြသည့် အသေး စား  စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့် ကျေးရွာများမှ  စိုက်ပျိုးရေး၊ မွေးမြူရေး     လုပ်ငန်းရှင်များက သိရှိလိုသည်များကို   မေးမြန်း ဆွေးနွေးရာ            နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့်     တာဝန်ရှိသူ များက        ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ 

 


ထို့နောက်    နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နှင့်       တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်  သဲကောကြီး ကျေးရွာရှိ   ဖူးစားပြောင်း၊  ငရုတ်၊ မြေပဲ၊  ပန်းမုန်လာနှင့်  ဟင်းသီး ဟင်းရွက်         စိုက်ခင်းများအား ကြည့်ရှုအားပေးကာ    ဒေသခံ တောင်သူများ၏   အခက်အခဲနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့်      ပူးပေါင်းညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း      သိရ သည်။       


ဝေကြည်(ပြန်/ဆက်)