
နေပြည်တော် ဇူလိုင် ၂၉
နေပြည်တော်ကောင်စီ ရင်းနှီး မြှုပ်နှံမှုကော်မတီ(၂/၂၀၂၃)အစည်း အဝေးကို ဇူလိုင် ၂၈ ရက်က နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော် အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရေး ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ ကို အားသွန်ခွန်စိုက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ရင်းနှီး မြှုပ်နှံမှုကဏ္ဍသည် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက တိုင်းပြည်၏ ပြည်တွင်းထုတ်ကုန် တန်ဖိုးတို့ကို တိုင်းတာတွက်ချက် ရာမှာ အရေးပါသည့် အညွှန်းကိန်း တစ်ခုအနေဖြင့် ပါဝင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်ပြီး ဒေသအတွင်းစီးပွား ရေး ဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေးလုပ်ငန်းများ အဆင် ပြေ ချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင် ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်ပေးကြရမည် ဖြစ် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေး၊ ထုတ်လုပ်မှုများ မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က နေပြည်တော်ကောင်စီ ရင်းနှီး မြှုပ်နှံမှုကော်မတီသို့ တင်ပြလာ သည့် အမှာစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက် အစီရင် ခံစာကို သက်ဆိုင်ရာဌာနများ၏ သဘောထား မှတ်ချက်များကို ဖတ်ကြား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင် ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ထို့နောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းဆောင် ရွက်မှုတင်ပြချက်များ၊ ကော်မတီ အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပြီး အစည်းအဝေးမှ နေပြည်တော် ဒေသအတွင်း အလုပ်အကိုင်ပေါင်း ၁၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးရန်သဘော တူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)