
နေပြည်တော် ဇူလိုင် ၂၀
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းများ ၏ သား/သမီးများ ပညာရည်ချွန် ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်း ဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူး များ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ကျောင်းသား ကျောင်းသူ များနှင့် ၎င်းတို့၏ မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် က တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သည့်ကျောင်းသား လူငယ်များအနေဖြင့် ရရှိနေသည့် ပညာရေး အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းသွားပြီး နိုင်ငံတော်အတွက် အားကိုး အားထားရသည့် ပညာတတ် လူငယ်များ ဖြစ်လာစေရန်၊ ယနေ့ ခေတ်တွင် နည်းပညာစနစ်များ တစ်နေ့တခြား တိုးတက် ပြောင်းလဲမှုနှင့်အညီ သာမန် ကြိုးစားလေ့ကျင့်မှုမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ်လေ့လာမှု (Con-tinuous Learning) ပြုလုပ်ပြီး အဆင့်မြင့်ပညာရပ်များကို ကြိုးစား သင်ယူရန်နှင့် မိဘများကလည်း တစ်နှစ်ထက်တစ်နှစ် အောင်ချက် ရာခိုင်နှုန်း တိုးတက်ကောင်းမွန်စေ ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြောကြား သည်။
ယင်းနောက် မြို့တော်ဝန်က ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဂုဏ်ထူးဖြင့် ထူချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ပြီး အမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများက ရိုးရိုးအောင်မြင်ခဲ့သည့် ကျောင်း သား ကျောင်းသူများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများ ကိုယ်စား နှစ်ဘာသာဂုဏ်ထူးရှင် မဟိန်းစန္ဒာဝင်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်