နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဩဂုတ်   ၂၄
နေပြည်တော်   စည်ပင်သာယာ ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်သည် ၂၀၂၄ ခုနှစ်   ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက      ကော်မတီဝင် ဦးထွန်းထွန်း၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ရှိ      ရေကြီး ရေလျှံဖြစ်ပေါ်သည့်    နေရာများ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့ရှိ ၈၅ တံတား၊   ၆   လမ်းတံတား နှင့် ၉ လမ်းတံတား၊ ဘောဂသီရိ ကားဝင်းအတွင်းနှင့် ကျောက်ချက် တံတားအနီး ချောင်းရေမြင့်တက် မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်သည့်နေရာများကို လည်းကောင်း၊   ဇေယျာသီရိမြို့နယ်ရှိ   အေးမြင့် သာယာတံတားနှင့်     ပုဗ္ဗသီရိ မြို့နယ်  သီရိမဏ္ဍိုင်လမ်းမကြီး တစ်လျှောက်   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန် နှင့် တာဝန်ရှိသူများသည် မိုးရွာ သွန်းမှုများပြား၍    ရေစီးဆင်းမှု များပြားခြင်း၊      ရေမြောင်းများ ကျဉ်း၍ ရေစီးဆင်းမှုမနိုင်ခြင်းများ ဖြစ်ပေါ်ပြီး     ကားလမ်းမပေါ်သို့ ရေများကျော်၍ရောက်ခြင်း၊ သဲနုန်း များ   တင်ကျန်ခြင်းတို့   ဖြစ်ပေါ် သဖြင့်     နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ လုပ်သား များဖြင့် ရေမြောင်းများရှင်းလင်း ခြင်း၊   လမ်းဘေးရှိ   ချုံနွယ်နှင့် အမှိုက်များရှင်းလင်းခြင်း ဆောင် ရွက်နေမှု      အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်   ဆောင်ရွက် ကြရန်နှင့် ဘေးအန္တရာယ်ကင်းရှင်း စေရေး   ဂရုပြုဆောင်ရွက်ကြရန် တို့ကို မှာကြားသည်။
ဆက်လက်၍      ဥတ္တရသီရိ မြို့နယ်ရှိ စက်စက်ယိုချောင်းသို့ သွားရောက်ကြည့်ရှု   စစ်ဆေးပြီး ချောင်းအတွင်း        ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အမှိုက်များ မရှိစေရေးအတွက် ရှင်းလင်းခြင်း လုပ်ငန်းများ အလေးထားဆောင် ရွက်ရန်၊   ရေတိုက်စားမှုကြောင့် လမ်းများ     ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ဂရုပြုစောင့်ကြည့် ရန်၊    လမ်းဘေးရှိ    မြက်များ၊ ချုံနွယ်များနှင့် အမှိုက်များ အမြဲ မပြတ် ရှင်းလင်းရန်တို့ကို တာဝန် ရှိသူများအား  မှာကြားခဲ့ကြောင်း သိရသည်။               သတင်းစဉ်