နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အလေးထားဆောင်ရွက်ရမည်

 

 

နေပြည်တော် ဇွန်  ၆
နေပြည်တော်စက်မှုဇုန်    ကြီးကြပ်ရေးကော်မတီ၊  ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် စီမံခန့်ခွဲရေးကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီတွင်  နေပြည်တော်ကောင်စီရုံး  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ   နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက     စက်မှုဇုန်   ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် သန့်ရှင်း သာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရမည်  ဖြစ်ကြောင်း၊        ဆပ်ကော်မတီအသီးသီးများမှ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက် ရေးကို  အလေးထားကြိုးစား ဆောင်ရွက်စေလိုကြောင်း၊       စက်မှုဇုန်အတွင်း မြေနေရာချထားမှုများနှင့်   စက်မှုဇုန်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်            တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက   ယခင်အစည်းအဝေး     ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊    စက်မှုဇုန်အတွင်း   ရင်းနှီး မြှုပ်နှံမှုပြုရန် မြေကွက်လျှောက်ထားမှုများ၊ မြေ နေရာ ချထားခွင့်ပြုနိုင်ရေး ကိစ္စရပ်များ၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်  ဓာတ်အားလိုင်း   ကိစ္စရပ်များ၊   ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက်    ဆွေးနွေးတင်ပြ ကြရာ နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း  က  ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။                      
အောင်ကိုကို(ခရိုင်ပြန်/ဆက်)