နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်

 

နေပြည်တော်    ဒီဇင်ဘာ   ၂၈


နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏  (၄/၂၀၂၂)  အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ       နေပြည်တော်  ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊     နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ    ဦးတင်ဦးလွင်က   ပြည် ထောင်စုနယ်မြေ နေပြည်တော် အတွင်း   ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေး   လုပ်ငန်းများ   ထိရောက်စွာ ဆောင်ရွက်ရန်၊    ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းများ   စိစစ်ခွင့်ပြုပေးနိုင်  ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများ အဆင်  ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး အားပေး    ကူညီဆောင်ရွက်ရန်၊  ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို       ကြီးကြပ်နိုင်ရေးတို့ အတွက်  နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု         ကော်မတီကို ဖွဲ့စည်းထားခြင်း     ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ  ဌာနများနှင့် တာဝန်ရှိသူများအနေ ဖြင့် ကျရာကဏ္ဍက ပူးပေါင်းပါဝင်  ဆောင်ရွက်ကြစေ    လိုကြောင်း၊  ပြည်ထောင်စုနယ်မြေ   နေပြည်  တော်အတွင်း      ရင်းနှီးမြှုပ်နှံမှု  မြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ် ဆောင်ရွက်နိုင်စေရေး၊     ရှိပြီး လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင် ရွက်လာစေရေး၊    ရင်းနှီးမြှုပ်နှံသူ များ ကြုံတွေ့ရသည့် အခက်အခဲ များအပေါ် လုပ်ထုံးလုပ်နည်းများ နှင့်အညီ   ပေါင်းစပ်ညှိနှိုင်းကူညီ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံစီးပွား  ဖွံ့ဖြိုးတိုးတက်ရေး      တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်    နေပြည်တော် ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၊  အတွင်းရေးမှူး၊    နေပြည်တော်  ရင်းနှီးမြှုပ်နှံမှုနှင့်     ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး    ဒေါ်ယဉ်ယဉ်နွယ်   က နေပြည်တော်ကောင်စီ      ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အတည်ပြု မိန့် ရရှိထားသည့် Golden Sun-land Co., Ltd. (ဆန်စပါးကြိတ်ခွဲ  ထုတ်လုပ်ခြင်းလုပ်ငန်း)        ၏ လုပ်ငန်းတည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းအတွက် အတည်ပြု မိန့်  ပြင်ဆင်ထုတ်ပေးနိုင်ရေးနှင့် WE  UNITY  LTD  ၏ အခြေခံပညာ ရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင် ရွက်ခြင်းနှင့်စပ်လျဉ်း၍    မြန်မာ  နိုင်ငံ     ရင်းနှီးမြှုပ်နှံမှုကော်မရှင်  (MIC) သို့ သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေး    ကိစ္စရပ်များ၊ ပြည်ထောင်စုနယ်မြေ   နေပြည် တော်အတွင်း  မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု  ဥပဒေအရ   ခွင့်ပြုထား သည့် Golden Sunland Co., Ltd.  (ဆန်စပါး    ကြိတ်ခွဲထုတ်လုပ် ခြင်းလုပ်ငန်း)  နှင့်  Join  Global Myanmar Co., Ltd.   (ကြက်ဥ၊  မျိုးကြက်ခြံနှင့် ကြက်သားပေါက်  ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း) တို့၏  လုပ်ငန်းမြေနေရာ  အခြား  နည်းအသုံးပြုခွင့်     ရရှိနိုင်ရေး တင်ပြလာခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို      အသေးစိတ် ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီ အဖွဲ့ဝင်များနှင့် ကော်မတီ ဝင်များက    သက်ဆိုင်ရာကဏ္ဍ များအလိုက်    ရှင်းလင်းဆွေးနွေး ကြသည်။

 


ယင်းနောက် နေပြည်တော် ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြ ချက်များနှင့်စပ်လျဉ်း၍    လိုအပ် သည်များကို  ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်