နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   မေ   ၂၀


ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း စိုက်ပျိုးရေး၊   မွေးမြူရေး ဆိုင်ရာ   ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၁ နာရီ တွင်   နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌   ကျင်းပသည်။

 


ရှေးဦးစွာ       နေပြည်တော် ကောင်စီဥက္ကဋ္ဌ       ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော် အတွင်း စိုက်ပျိုးရေး၊  မွေးမြူရေး ဆိုင်ရာ     ဖွံ့ဖြိုးတိုးတက်ရေး၊     လယ်ယာမြေများ  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးညှပ် များ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင် ရေး၊   စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက  အလေးထား ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊   မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်မည့်လုပ်ငန်းများ၊  ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများ ကို ဆွေးနွေးပေးစေလိုကြောင်း  ပြောကြားသည်။

 


ထို့နောက်       နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဗိုလ်မှူးကြီး မင်းနောင်က     နေပြည်တော် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့ဆက်ဆောင်ရွက် ရမည့်       လုပ်ငန်းစဉ်များနှင့် ပတ်သက်၍   ရှင်းလင်းဆွေးနွေး တင်ပြသည်။

 


ယင်းနောက်  နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်    တက် ရောက်လာကြသည့် ဌာနဆိုင်ရာ များက စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊   ဆည် မြောင်း  ရေပေးဝေရေးလုပ်ငန်း များနှင့် ကဏ္ဍများအလိုက် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ၊  သက်ဆိုင် ရာ ဌာနဆိုင်ရာများနှင့်  ပူးပေါင်း ဆောင်ရွက်မည့်  အစီအစဉ်များ ကို       ရှင်းလင်းတင်ပြကြရာ နေပြည်တော်        ကောင်စီဥက္ကဋ္ဌ ဒေါက်တာ   မောင်မောင်နိုင်က ဆွေးနွေးချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို   ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း       သိရသည်။                      

သတင်းစဉ်