
နေပြည်တော် စက်တင်ဘာ ၉
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်းတွင် နိုင်လွန်ကတ္တရာ တွန့်ခေါက်နေမှုကို ပြန်လည် ပြုပြင်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်းမွန် စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကိုမှာကြားကာ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်