
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန် ပထမဖောင်းရစ်ဧရိယာ (၃၄၈၅.၈၇) စတုရန်းပေအား ရွှေစင်ရွှေပြားလိုအပ်သည့် အချပ်ရေမှာ (၃၄၈၅) ချပ် ဖြစ်ပါသည်။ ၂၉-၂-၂၀၂၄ ရက်နေ့အထိ အလှူခံရရှိပြီးသော အချပ်ရေမှာ (၅၂၆) ချပ်သာဖြစ်ပါသည်။ လိုအပ်နေသော ရွှေစင်ရွှေပြား (၂၉၅၉) ချပ်ကို (၁) ချပ်လျှင် ၂၅၀၀၀၀၀/- (ကျပ်နှစ်ဆယ့် ငါးသိန်း တိတိ)ဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည်။
လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန်အတွက်လည်း စေတနာ ရှင်များ လူကိုယ်တိုင်(သို့) အောက်ပါဘဏ်စာရင်းတွင် တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။
လုံးတော်ပြည့် ရွှေသင်္ကန်း၊ ရွှေစင်ရွှေပြားကပ်လှူရန် “ပထမ” အကြိမ် အလှူငွေပေးအပ်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ဆောင်ရွက်မည်ဖြစ်ပါသည်။
သဒ္ဓါကြည်လင်ပါရမီရှင်များအနေဖြင့် ကြွရောက်လှူဒါန်းပူဇော် နိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်-
နေ့ရက် - ၁၂-၃-၂၀၂၄
(၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်) အင်္ဂါနေ့
အချိန် - မွန်းလွဲ (၁) နာရီ
နေရာ - စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံ။
v ဆက်သွယ်နိုင်လှူဒါန်းနိုင်ပါသည်−
(၁) ဦးမောင်မောင် (ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်
သာယာရေးကော်မတီ)
ဖုန်း − ၀၉−၄၀၄၄၃၄၄၉၉
(၂) ဦးထွန်းကြည် (ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်)
ဖုန်း − ၀၉−၅၁၃၅၆၉၈
(၃) ဦးကြည်လွင် (ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်)
ဖုန်း − ၀၉−၂၅၀၇၉၇၄၁၇
(၄) ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ရုံး
ဖုန်း − ၀၉−၄၄၂၂၅၂၆၇၀
(၅) ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်
စာရင်းအမှတ် (CF – 000873) သို့လည်း
တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။
(၆) AYA Pay (Merchant ID. 20044314)
ရွှေစင်ရွှေပြားကပ်လှူရေး
အလှူငွေလက်ခံရေးဆပ်ကော်မတီ