နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား(Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး  ပထမဖောင်းရစ် ရွှေစင်ရွှေပြား ( Gold  Plating) ကပ်လှူပူဇော်ခြင်း      ဦးစီးကော်မတီ     ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်း ထွန်းဦး၊    နေပြည်တော်ကောင်စီ  အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ   ဥက္ကဋ္ဌများနှင့်   အဖွဲ့ဝင်များ၊ နေပြည်တော်    ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏  ပထမဖောင်းရစ်  ဧရိယာ ၃၄၈၅ ဒသမ ၇၈  စတုရန်းပေကို  ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရေးအတွက်   လုပ်ငန်းများ   အမြန် အကောင်အထည်ဖော်စတင်နိုင်ရေး ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊  ယခင်ကပ်လှူခဲ့သည့်  အတွေ့ အကြုံများကို အခြေခံပြီး အားနည်းချက်၊ အားသာ ချက်များဖော်ထုတ်ကာ  လုပ်ငန်းများကို အောင်မြင် စွာ   အကောင်အထည်ဖော်  ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင် ရန်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်    နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကောင်း၊  စေတီတော်ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည် က  ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများနှင့်  လိုအပ် ချက်များ၊ ယခုလုပ်ငန်းဆောင်ရွက်မည့်အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်   တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက် မည့်    အခြေအနေများကို    ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး          နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်