
နေပြည်တော် နိုဝင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား သင်္ကန်းကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်စပ်လျဉ်း၍ စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သံဃာရာမအဆောင်(၁) ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင် မင်းကျောင်းဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာ တော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တ သုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည် တော်ကောင်စီဥက္ကဋ္ဌတို့က သာသနာရေးဆိုင်ရာ များနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ထုံးတမ်းအစဉ်အလာများနှင့်အညီ ပထမဖောင်းရစ် အား ရွှေစင်ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းလျှောက်ထားကြသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသက စေတီတော်မြတ်ကြီး၏ ပထမ ဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းသည် မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော်ကို အာရုံပြု၍ အများပြည်သူ ရဟန်းရှင်လူများ ဆတက် ထမ်းပိုး ကြည်ညိုဖွယ်ဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီ များအား ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်း ပြန်လည် ကပ်လှူဒါန်းပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဘုရားရှင်၏ ဂုဏ်တော်များကို အမြဲမပြတ် ပွားများအားထုတ်ကြမည်ဆိုပါက မိမိတို့ ရည်မှန်းထားသည့်အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်၍ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများ၍ ဆောင်ရွက်ကြစေလိုကြောင်း မိန့်ကြား သည်။
ဆက်လက်၍ ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင် တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲ) ဆရာတော်နှင့် လယ်ဝေးမြို့ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒက စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင် ရွှေပြားကပ်လှူခြင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒကထာများ မိန့်ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်