
နေပြည်တော် ဩဂုတ် ၆
နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများ အတွက် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ၏ စီစဉ်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်ကာ အရည် အသွေးမီ စားအုန်းဆီများကို ယနေ့နံနက်ပိုင်းက လာရောက် ရောင်းချပေးသည်။
အဆိုပါ စားအုန်းဆီများ ကို တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် စုစုပေါင်း ဆီ ပိဿာ ၆၈၀ ကျော်ကို MRTV မှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအတွက် ရောင်းချပေးသကဲ့ သို့ တပ်ကုန်းမြို့နယ်အတွင်း ရှိ ရပ်ကွက်၊ ကျေးရွာများသို့ လည်း ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ များ အရည်အသွေးမီ စားအုန်းဆီ များ ဈေးနှုန်းမှန်ကန် ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်