နေပြည်တော် - တောင်ညို(ပန်းတင်) - မြို့သစ် - ကန်ပြား(မကွေး)လမ်း အဆင့်မြှင့်တင်

 

မကွေး    နိုဝင်ဘာ  ၁၈


ဆောက်လုပ်ရေးဝန်ကြီးဌာန    မကွေးခရိုင် လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ် နေပြည်တော်-တောင်ညို (ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး)  လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို  နိုဝင်ဘာ ၁၇ ရက်က   မကွေးတိုင်းဒေသကြီး    လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး    ရဲမှူးကြီး လင်းထွဋ် ကွင်းဆင်းကြည့်ရှုသည်။

 
ခရိုင်လမ်းဦးစီးဌာနက တာဝန်ယူဆောင် ရွက်သည့် နေပြည်တော်-တောင်ညို(ပန်းတင်)-  မြို့သစ်-ကန်ပြား(မကွေး)     လမ်းပိုင်းတွင် ကတ္တရာလမ်းချဲ့ခြင်း၊   ထပ်ပိုးလွှာခင်းခြင်း နှင့် BOT စနစ်ဖြင့်  ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပြည်-မန္တလေးလမ်း (မိုင် ၃၃၄/၃- ၃၃၄/၇) အတွင်းရှိ ကန်ပြားလမ်းအဝိုင်းပတ် ပြုပြင်ဆောင်ရွက်နေမှုကို    တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်   အဖွဲ့ဝင် များက ကြည့်ရှုစစ်ဆေးရာ   တိုင်းဒေသကြီး လမ်းဦးစီးဌာနနှင့်  ခရိုင်လမ်းဦးစီးဌာန တာဝန် ရှိသူများက ရှင်းလင်းတင်ပြသည်။ ဆက်လက် ၍ နေပြည်တော်-တောင်ညို(ပန်းတင်)-မြို့သစ်- ကန်ပြား(မကွေး)   လမ်းပိုင်းများရှိ    လုပ်ငန်း များတွင် ကတ္တရာလမ်း  ကျောက်စီခင်းခြင်း၊ လမ်းဘေး(ဝဲ/ယာ)   ရေမြောင်းတူးခြင်းနှင့် လမ်းပခုံးများ   ဆောင်ရွက်နေမှုကို   ကြည့်ရှု စစ်ဆေးပြီး မြို့သစ်မြို့နယ်   လမ်းဦးစီးဌာန ရှင်းလင်းဆောင်တွင်    တာဝန်ရှိသူများအား လိုအပ်သည်များ  မှာကြားခဲ့ကြောင်း   သိရ သည်။            

                              
လှဝင်း