
နေပြည်တော် စက်တင်ဘာ ၁၄
နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အဝင် ဆိုင်းဘုတ်အနီး ပန်းအလှပင်များ လဲလှယ် စိုက်ပျိုးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ နေပြည်တော်မြို့အဝင် လမ်းဘေးဝဲ/ယာရှိ မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ရာဇဌာနီလမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံရှိ ကုမုဒြာ ကြာပန်းအဝိုင်းတွင် ပန်းအလှပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်းများဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်