နေပြည်တော် ရိတ်သိမ်းချိန်လွန်နည်းပညာဌာနက နည်းပညာများ ဖြန့်ဝေပေးနေ

 

‌နေပြည်တော်  စက်တင်ဘာ  ၂၂


နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းနယ်မြေ တွင်တည်ရှိသည့်  ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHRI)၌ ခေတ်မီဓာတ်ခွဲခန်း ၁၀ ခုဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအတွက် နည်းပညာများ ဖြန့်ဝေပေးနေကြောင်းနှင့် အဆိုပါနည်းပညာများကို လေ့လာချင်သူများအနေဖြင့်       ရုံးအမှတ်(၁၅)ရှိ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)သို့   လာရောက်ဆက် သွယ်နိုင်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ လှလှမြင့်ထံမှ သိရသည်။


“စိုက်ပျိုးရေးဦးစီးဌာနနဲ့         ကိုရီးယား အပြည်ပြည်ဆိုင်ရာ      ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်တာ    ဖြစ်ပါတယ်။ ဒီမှာ   အဓိက   ရိတ်သိမ်းချိန်လွန်နည်းပညာနဲ့ ပတ်သက်တဲ့  ရိတ်သိမ်းချိန်လွန်   နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းတွေ   ဆောင်ရွက်နေတာဖြစ်သလို ဘေးအန္တရာယ်     ကင်းရှင်းပြီး      အရည်အသွေး ပြည့်ဝကောင်းမွန်တဲ့ထုတ်ကုန်တွေ   ဈေးကွက်မှာ ရောင်းချဖြန့်ဖြူးနိုင်ဖို့၊   စားသုံးသူတွေ ကျန်းမာရေး လူမှုဘဝသာယာရေးရနိုင်ဖို့    အဓိက    ရည်မှန်း ချက်ကြီးနဲ့     ဆောင်ရွက်နေတာ      ဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ       ရိတ်သိမ်းချိန်လွန် နည်းပညာလုပ်ငန်းတွေ    ဖွံ့ဖြိုးပြီး     ဒီဌာနမှာရှိတဲ့ ဝန်ထမ်းတွေရဲ့     စွမ်းဆောင်ရည်မြှင့်တင်နိုင်ဖို့၊  ရိတ်သိမ်းချိန်လွန်      ကိုင်တွယ်နည်းစနစ်တွေ ခေတ်မီနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ နောက် ဒီလိုရိတ်သိမ်းချိန်လွန်နည်းပညာ အသိပညာ တိုးတက်လာမယ်ဆိုရင်      လယ်ယာထွက်ကုန် တွေ   လေလွင့်ဆုံးရှုံးမှု   လျော့နည်းလာပါမယ်။ ဒီအတွက်ရည်မှန်းပြီး   ဆောင်ရွက်နေတာ  ဖြစ်ပါ တယ်။    

ရိတ်သိမ်းချိန်လွန်   နည်းပညာဆိုတာ လယ်ယာထွက်ကုန်တွေ၊    စိုက်ပျိုးရေး  ထွက် ကုန်တွေကို  စားသုံးသူတွေ  လက်ဝယ်ကိုရောက် တဲ့အချိန်အထိ    သီးနှံတွေရဲ့   အရေအတွက်နဲ့ အရည်အသွေးပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေနဲ့ ဆုံးရှုံးမှုတွေကို    လျော့ကျစေဖို့အတွက်    စိုက်ပျိုး ထုတ်လုပ်တဲ့အချိန်ကနေ ရိတ်သိမ်းသွားပြီးတဲ့အထိ၊ အဲဒီကနေမှ  ဆက်ပြီး      စားသုံးသူဆီရောက်တဲ့ အထိ အဆင့်ဆင့်မှာ စနစ်တကျ  ဂရုပြုကြိုးပမ်းအား ထုတ် လုပ်ဆောင်တာ ရိတ်သိမ်းချိန်လွန် နည်းပညာ ပဲ   ဖြစ်ပါတယ်”ဟု  ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။


“သီးနှံတွေကို မခူးဆွတ် မရိတ်သိမ်းမီမှာ      ပြုစု ဆောင်ရွက်မှုတွေ       အထူးဂရုစိုက်ဖို့လိုတယ်။ ဒါမှလည်း        အရည်အသွေးကောင်းတဲ့     သီးနှံ တွေ ရလာမယ်။ သီးနှံတွေ ရင့်မှည့်မှု မှန်ကန်တဲ့အချိန် မှာ ခူးသင့်တယ်။  သီးနှံတွေကို အောက်ကိုပစ်ချတာမျိုး တွေ  မလုပ်ရဘူး။   ခူးဆွတ်ပြီးပြီဆိုရင်     သီးနှံ တွေကို အအေးခံထားရမယ်။ ရေဆေးသင့်တဲ့  သီးနှံ ရေဆေးမယ်။ ရေဆေးဖို့မလိုတဲ့  သီးနှံဆိုမဆေးဘူး၊ အရွယ်အစားတွေကို    အကြီး၊ အလတ်၊ အငယ်၊ အသေးတွေ    ခွဲပေးရမယ်။     အရောင်တွေ ရောနှော ပါဝင်တာတွေ၊  ပိုးထိုး၊  လောက်ကိုက်တာတွေဆို ဖယ်ရမယ်၊   အနာအဆာတွေဆို   ဖယ်ရမယ်။ အဲဒီလို အတန်းအစားခွဲခြားတာတွေ လုပ်ဖို့လိုမယ်။  နောက် ပိုင်းမှာ သိုလှောင်နိုင်ဖို့ဆိုရင် သီးနှံတွေကို   တိုက်ရိုက် သိုလှောင်မှာလား။     လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ သိုလှောင်မှာလား။   ဘယ်လိုအိတ်တွေနဲ့ ထည့်ပြီးသိုလှောင်မလဲ၊  သိုလှောင်ထားတဲ့  ဒီဂရီ တွေ  ဘယ်လောက်ထားမလဲ၊   ဈေးကွက်ကိုပို့ပြီ ဆိုရင်    ကားတွေမှာ  ဖိသိပ်ပြီး  တင်ထားတာမျိုး တွေ၊   ပစ်တင်တာမျိုးတွေ မလုပ်ရဘူး။ ဒီသီးနှံတွေ စားသုံးသူဆီရောက်သွားတဲ့အထိ    ဈေးကွက် အဆင့် ဆင့်မှာ   တောင်သူဆီလည်း   ရောက်မှာပဲ၊ ပွဲစား ဆီလည်းရောက်မှာပဲ၊  လက်လီရောင်းတဲ့သူလည်း ရှိမယ်။ လက်ကားရောင်းတဲ့သူလည်းရှိမယ်။    ဒီလို အဆင့်ဆင့်တွေမှာ   သေသေချာချာ   စနစ်တကျ ဂရုစိုက်လုပ်ဆောင်ဖို့    လိုပါမယ်။    ထုတ်လုပ်မှု ကွင်းဆက်အဆင့်ဆင့်မှာ ပါဝင်ဆောင်ရွက်သူ လူတိုင်း လူတိုင်းက စနစ်တကျ ကိုင်တွယ်စီမံတဲ့ နည်းလမ်း တွေကို    ဆောင်ရွက်သွားမယ်ဆိုရင်   နောက်ဆုံး စားသုံးသူလက်ဝယ်မှာ အရည်အသွေးကောင်းပြီး အန္တရာယ်ကင်းတဲ့ သီးနှံတွေ စားသုံးနိုင်မှာ ဖြစ်ပါ တယ်။    အဲဒီအတွက်ဆိုရင်   ရိတ်သိမ်းချိန်လွန် နည်းပညာ    အရေးကြီးပါတယ်”ဟု     ဒုတိယ ညွှန်ကြားရေးမှူးက ဆက်ပြောသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား သမ္မတနိုင်ငံ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ  (KOICA)   တို့ ပူးပေါင်း ပြီး   နေပြည်တော်   ဇေယျာသီရိမြို့နယ်     ရေဆင်း နယ်မြေရှိ    ရိတ်သိမ်းချိန်လွန်    နည်းပညာဌာန (PHRI)ကို ၂၀၁၈ ခုနှစ် မေ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ သည်။    အဆိုပါဌာနသည် စိုက်ပျိုးရေးဦးစီးဌာန   ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲအောက်တွင်   တည်ရှိပြီး   သီးနှံစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချသူများအတွက်   သုတေသန လုပ်ငန်းများ   စဉ်ဆက်မပြတ်ဆောင်ရွက်နေသကဲ့သို့ မန္တလေးတိုင်းဒေသကြီး  ပုသိမ်ကြီးမြို့နယ်   (ထုံးဘို)ရှိ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHTTC)   သည်   သင်တန်းကျောင်းအဖြစ်     နည်းပညာ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို    ပေါင်းစပ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုပေါက်
(ဥက္ကာမြေ)