နေပြည်တော် ပညာ့ရတနာ Naypyitaw State Academy

Type
1

 

တက္ကသိုလ်ဆရာတစ်ဦး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်   ၂၀၂၂  ခုနှစ် နိုဝင်ဘာ ၉  ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး  အမှာစကားပြောကြားခဲ့ပါသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ    တက်ရောက်ခဲ့ကြပါသည်။    မြန်မာနိုင်ငံ၏ပညာရေးကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် အားပေးနေသည်ကို ပြသလိုက်ခြင်း ဖြစ်ပါသည်။

 


ယနေ့ကမ္ဘာ့နိုင်ငံ  အသီးသီးတွင် အစိုးရက ပညာရေးကို  အားပေးလျက် ရှိ ပါသည်။ တိုးတက်သောတိုင်းပြည်တိုင်း သည် ပညာတတ်များပေါများပြီး နိုင်ငံ အတွက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး များ အပါအဝင် သုတေသနနှင့် တီထွင် ဆန်းသစ်မှုများကို အဆိုပါပညာတတ် များက ဦးဆောင်ကူညီပေးနေသည်ကို တွေ့ရပါသည်။        ဤနေရာတွင် တက္ကသိုလ်  ( University ) အကြောင်းကို အနည်းငယ်မျှ ရေးသားလိုပါသည်။

 


တက္ကသိုလ်ဆိုသည်မှာ   ပညာပို့ချ ပေးရန်နှင့်    သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ပံ့ပိုးပေးခြင်းနှင့်   ဘွဲ့အပ် နှင်းခြင်း ပြုလုပ်နိုင်သော အဖွဲ့အစည်းကို ယူနီဗာစီတီ ( တက္ကသိုလ် ) ဟု   ခေါ်သည် ဟု မှတ်သားဖူးပါသည်။

 


စာရေးသူသည် တက္ကသိုလ်နယ်မြေ နှင့် ပညာရေးသုတေသန၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း စသည် တို့တွင် နှစ်ပေါင်း  ၃၇  နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။   မြန်မာနိုင်ငံ ပညာရေးကို များစွာစိတ်ဝင်စားသဖြင့်လေ့လာခဲ့ဖူးပါသည်။

 


တန်ဖိုးမဖြတ်နိုင်သောရတနာ


တက္ကသိုလ်ဆိုသည်မှာ     နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော    ရတနာဖြစ်ပါ သည်။   တက္ကသိုလ်ကို    အဆင့်မြှင့် တင်မည်ဆိုလျှင်   နိုင်ငံစုံမှ   အဆင့်မြင့် ထိပ်တန်းတက္ကသိုလ်များကို နမူနာယူ၍ လေ့လာသင့်ပါသည်။  တက္ကသိုလ်ကောင်း တစ်ခု၏  အင်္ဂါရပ်များကို အဖွဲ့အစည်း အသီးသီးမှ သက်ဆိုင်ရာ “စံ” သတ်မှတ် ချက်များနှင့်   အကဲဖြတ်လေ့    ရှိကြပါ သည်။    အများစုမှာ (၁)   တက္ကသိုလ် ၏ သုတေသနအရည်အသွေး၊ (၂) ဘွဲ့ရ များ၏     အလုပ်အကိုင်အခြေအနေ၊  (၃) တက္ကသိုလ်၏ နိုင်ငံခြားဆက်ဆံရေး၊ (၄) တက္ကသိုလ်၏ ကျောင်းသားနှင့်ဆရာ အချိုးတို့ကို အဓိကအခြေခံပါသည်။

 


အဆင့်မြင့်တက္ကသိုလ်များတွင် ဂုဏ် ယူလောက်သော ပရဝဏ်နှင့် အဆောက် အအုံများရှိခြင်း၊ National Landmark များအဖြစ် တည်ရှိခြင်း၊  တော်သော ဆရာ၊ တော်သောကျောင်းသားများကို ရွေးချယ်မွေးမြူကာ လေ့ကျင့်ပေးနေခြင်း၊ ကောင်းသောပညာဝန်းကျင် (Academic Atmosphere ) ရှိခြင်း၊ မိမိနှစ်သက်ရာ ပညာရပ်နယ်ပယ်ကို အထူးအလေးပြု ကာ သုတေသနပြုနိုင်ရန်    ငွေကြေး ထောက်ပံ့မှုရှိခြင်း၊    စာကြည့်တိုက် ကောင်းရှိခြင်း၊ သုတေသနလုပ်ငန်းများ အတွက် ပစ္စည်းကိရိယာ   စုံလင်ခြင်း၊ ကျောင်းသား ကျောင်းသူအဆောင်များ၊ မိသားစုနေအိမ်၊ စားသောက်ဆိုင်များ၊ ဈေးနှုန်းသင့်လျော်သော စတိုးဆိုင်များ၊ အားကစား အပန်းဖြေနည်းအစုံ၊ ဝါသနာ ပါရာ အနုပညာ  လိုက်စားစရာ  အစုံ အလင်ရှိသော ပျော်ရွှင်ဖွယ်ရာ  အဖွဲ့ အစည်းဖြစ်ခြင်း   စသည့်အချက်များ ပါဝင်ပါသည်။ 

 


တက္ကသိုလ်နှင့် အကယ်ဒမီ


ယခုဖွင့်လှစ်လျက်ရှိသော Naypyitaw State Academy တွင်   အကယ်ဒမီ ကျောင်းတစ်ခု၏    လိုအပ်ချက်များကို နိုင်ငံတော်က   အတတ်နိုင်ဆုံး   ပံ့ပိုးပေး ထားသည်ကို တွေ့ရပါသည်။ တက္ကသိုလ် နှင့် အကယ်ဒမီသည်  ပညာရပ်များကို သင်ကြားပေးသည့်နေရာများ   ဖြစ်ပါ သည်။ အကယ်ဒမီသည် အသက်မွေးဝမ်း ကျောင်းပညာရပ်များကို ပိုမိုဦးစားပေး သင်ကြားပေးပါသည်။   အသက်မွေး ဝမ်းကျောင်းပညာရပ်များကို ကျောင်း သားများအား  တတ်ကျွမ်းနားလည် အောင် သင်ကြားပေးနိုင်သော ဆရာ ဆရာမကောင်းများစွာဖြင့် သင်ကြားပေး ပြီး  ဘွဲ့ရပြီးပါက သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင်  ထူးချွန်သည့်   အတတ် ပညာရှင်၊    အသိပညာရှင်များဖြစ်ရန် မွေးထုတ်ပေးနေသည့်နေရာ      ဖြစ်ပါ သည်။

 


မြန်မာနိုင်ငံတွင်   ပညာရေးဝန်ကြီး ဌာနအောက်၌       တက္ကသိုလ်ဒီဂရီ ကောလိပ်  ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏   တက္ကသိုလ်ဒီဂရီကောလိပ် ကျောင်းများ အပါအဝင် စုစုပေါင်း   ၁၇၅   ကျောင်းကို ဖွင့်လှစ်သင်ကြားလျက်ရှိ ကြောင်း သိရပါသည် ။ နိုင်ငံတော်ဝန်ကြီး ချုပ်က “ကြောင်းကျိုးဆက်စပ်တွေးခေါ် မှုကို အခြေခံသည့် သင်ကြားသင်ယူမှုကို အလေးထားအားပေးပြီး      အသုံးချ သုတေသနများနှင့် နိုင်ငံတော်၏ လူမှု စီးပွားဘဝ   ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များ  မွေးထုတ်ပေးရာ  ဦးဆောင် တက္ကသိုလ် ဖြစ်စေရန်အတွက် ဦးတည် ချက်ထား ကြိုးပမ်းသွားကြရမည် ” ဟု Naypyitaw State Academy ဖွင့်ပွဲတွင် ထည့်သွင်း    ပြောကြားသွားပါသည်။ ဤအချက်မှာ  နိုင်ငံတော်အကြီးအကဲက   နိုင်ငံအကျိုးပြု  ထိပ်တန်းတက္ကသိုလ် ဖြစ်ရန်   လိုအပ်ချက်ကို   အသိပေး လမ်းညွှန်သွားခြင်းပင် ဖြစ်ပါသည်။

 


မြန်မာနိုင်ငံ၌ ရန်ကုန်တက္ကသိုလ် သည် တစ်ချိန်က     အာရှတိုက်တွင် ဂုဏ်ယူခဲ့ရသောတက္ကသိုလ်   ဖြစ်ပါသည်။ ယခုအခါတွင်လည်း ထိုအခြေအနေကို ရောက်ရှိရန်   ကြိုးစားနေကြပါသည်။ နေပြည်တော်မြို့တော်သည် ဝန်ကြီး ဌာနပေါင်းစုံ    ရုံးစိုက်ရာမြို့တော်ဖြစ် သဖြင့် ဝန်ကြီးဌာနအသီးသီးရှိ ကျွမ်းကျင် ပညာရှင်ကြီးများက Naypyitaw State Academy ကို  သက်ဆိုင်ရာပညာရပ် နယ်ပယ်အသီးသီးတွင်   ပါဝင်ကူညီ ဆောင်ရွက်ကာ အားဖြည့်ပေးမည်  ဖြစ်ပါ သည်။ နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ကြီးဌာနအသီးသီးမှ    ဝန်ထမ်း သားသမီးများအတွက်        အိုးမကွာ၊ အိမ်မကွာ တက်ရောက်ပညာသင်ကြား နိုင်သည့် အခွင့်အရေးလည်း    ရရှိနိုင်ပါ သည်။

 


နိုင်ငံတော်အစိုးရ၏ အားပေးမှုနှင့် ယခုဖွင့်လှစ်လိုက်သော Naypyitaw State Academy ကြီးကို  တက္ကသိုလ် ဆရာ ဆရာမများ၊ စီမံခန့်ခွဲရေးဝန်ထမ်း များ၊ တက္ကသိုလ်နယ်မြေဝန်ထမ်းများက ပညာသင်ကြားရန်  တက်ရောက်နေသော ကျောင်းသား ကျောင်းသူများနှင့်အတူ နိုင်ငံတော်အဆင့်မှသည် ကမ္ဘာ့အဆင့် ထိပ်တန်းပညာရေးများ သင်ကြားပေး နေသော   အကယ်ဒမီကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးစားသွားကြမည်ဟု ယုံကြည်မိပါတော့သည်။    ။