နေပြည်တော် ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရာ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၇


စစ်ကိုင်းတိုင်းဒေသကြီး    ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့်  PDF  အမည်ခံအကြမ်းဖက် အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှု များကြောင့် လုံခြုံစိတ်ချရသည့်နေရာများ၌ ခေတ္တ တိမ်းရှောင်နေထိုင်လျက်ရှိသော    ဒေသခံပြည်သူ များ၏    နေထိုင်စားသောက်မှု    အဆင်ပြေစေရန် နှင့်   ၎င်းတို့၏    နေရပ်အသီးသီးသို့     ပြန်လည်  နေထိုင်နိုင်ရေးအတွက်     လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်   တာဝန်ရှိသူများက  ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ပုလဲ မြို့နယ် ဇီးဖြူကုန်းကျေးရွာနှင့် အင်မထီးကျေးရွာ များမှ   NLD ပါတီ ထောက်ခံသူ  အစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသော    ဒေသခံပြည်သူများကို လုံခြုံစိတ်ချရသည့်နေရာများသို့ ပြန်လည်ခေါ်ယူ စုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်ရေးတို့ကို စီစဉ်ပေးပြီး   တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့်         အသုံးအဆောင် ပစ္စည်းများ   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သတင်း ရရှိသည်။

သတင်းစဉ်