
နေပြည်တော် စက်တင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် လူငယ် ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက် နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့ရှိ အမှတ်(၁)နှင့် (၂) အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည် တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့် ဆောင်က အမှာစကားပြောကြား သည်။ ယင်းနောက် ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လူငယ် အသိပညာပေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)က ကျောင်းသား ကျောင်းသူများအနေဖြင့် ဗလ ငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြော သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးအဖွဲ့က ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ကြသည်။
ထို့နောက် ခန်းမအပြင်ဘက် ၌ “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြဘုတ်များ ခင်း ကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ်များ အသိ ပညာပေး စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက် ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့် ပျော်ရွှင်ဖွယ်ဂိမ်းများ ကစား၍ အနိုင်ရရှိသူအား အမျိုး သားစာပေဆုရှင် ဆရာစိုးတင့် (ဧရာဝတီ)မိသားစုနှင့် လယ်ဝေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လှူဒါန်းသော ဘောလ်ပင်နှင့် စာအုပ်များ ချီးမြှင့်ပေးအပ်ကာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ပြန်/ဆက်)