
ရန်ကုန် ဧပြီ ၁၁
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန် နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက် နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်များပါဝင်သော ဒုတိယ အဖွဲ့သည် ယနေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါ ကိုရီးယား K-pop အနုပညာရှင် များ ဒုတိယအဖွဲ့တွင် DJ/Performances Lee, Saemi ဦးဆောင်သည့် ကိုရီးယာအနုပညာ ရှင် ငါးဦးအဖွဲ့သည် ယနေ့ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက နှစ်နိုင်ငံ အလံများ ဝှေ့ယမ်း၍လည်းကောင်း၊ အနုပညာ ရှင်များ၏ ဓာတ်ပုံနှင့်အမည် စာတန်းပါ ကားချပ်များ ကိုင်ဆောင်၍ လှိုက်လှဲနွေးထွေး စွာ ကြိုဆိုကြသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ သမ္မတဟိုတယ်၌ တည်းခိုကြမည် ဖြစ်ပြီး ဧပြီ ၁၂ ရက်တွင် နေပြည်တော်သို့ လာရောက်ကြမည်ဖြစ်ကြောင်း၊ ကိုရီးယား K-pop အနုပညာရှင် ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် ထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယား နာမည်ကျော်တေးသံရှင်များ ပါဝင်ဖျော်ဖြေကြ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်