နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ ပါဝင်သော တတိယအဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ

 

ရန်ကုန်    ဧပြီ    ၁၄
၁၃၈၅ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယ တွင်  မြန်မာ-ကိုရီးယား   နှစ်နိုင်ငံ ယဉ်ကျေးမှု     ဖလှယ်နိုင်ရန်နှင့် ပြည်သူများအား       ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် နေပြည် တော်  လမ်းလျှောက်သင်္ကြန်တွင်    ပါဝင်ဆင်နွှဲမည့်  ကိုရီးယား အနု ပညာရှင်များပါဝင်သော   တတိယ အဖွဲ့သည်      ယနေ့    ညပိုင်းက      ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါ    ကိုရီးယား   K-pop အနုပညာရှင်များ     တတိယအဖွဲ့ တွင်  Mr. PARK  MOON   HEE ဦးဆောင်သော ကိုရီးယား K-pop အနုပညာရှင်များ ၁၉ ဦး ပါဝင်ကာ ယနေ့ညပိုင်းက   ရန်ကုန်အပြည် ပြည်ဆိုင်ရာ   လေဆိပ်သို့  ထပ်မံ ရောက်ရှိလာရာ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) တို့မှ ကျောင်း သား ကျောင်းသူများက နှစ်နိုင်ငံ အလံများဝှေ့ယမ်း၍ လည်းကောင်း၊       အနုပညာရှင်များ၏   ဓာတ်ပုံနှင့်       အမည်စာတန်းပါ     ကားချပ်များ        ကိုင်ဆောင်၍      စေတနာရှင်      ရှမ်းအိုးစည်အဖွဲ့က ရှမ်းအိုးစည် များ တီးခတ်ကာလှိုက်လှဲနွေးထွေး စွာ  ကြိုဆိုကြသည်။ 
အဆိုပါ အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ       Hotel Yangon တွင် တည်းခိုကြမည်ဖြစ် ပြီး ဧပြီ  ၁၅ ရက်တွင်  နေပြည် တော်သို့ သွားရောက်ကြမည်ဖြစ် ရာ နေပြည်တော်  လမ်းလျှောက် သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည် ဖြစ်ကြောင်း သိရသည်။                     
သတင်းစဉ်