နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား အနုပညာရှင်များ နေပြည်တော်သို့ရောက်ရှိ

 

နေပြည်တော်   ဧပြီ   ၁၀


၁၃၈၅     ခုနှစ်     မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ    ယဉ်ကျေးမှုဖလှယ်နိုင် ရန်နှင့် ပြည်သူများအား ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် နေပြည် တော်  လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့်     ကိုရီးယား K-pop   အနုပညာရှင်    ၂၄   ဦး ပါဝင်သည့်       ပထမအဖွဲ့သည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်မြို့မှ   သီးသန့်မော်တော် ယာဉ်များဖြင့်    ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းက      နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်သို့ ရောက်ရှိ ကြသည်။
အဆိုပါ ကိုရီးယားအနုပညာ ရှင်များအဖွဲ့အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ    သင်္ကြန်ယိမ်း အဖွဲ့များက  အတာရေပက်ဖျန်း၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး ယင်းအဖွဲ့သည်   ညနေပိုင်းတွင်  နေပြည်တော်၊     တပ်ကုန်းမြို့ရှိ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိကြရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  တာဝန်ရှိသူများ နှင့်        တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းမှ တိုင်းရင်းသား၊ တိုင်း ရင်းသူများက လှိုက်လှဲနွေးထွေး စွာ ကြိုဆိုကြသည်။


ထို့နောက်    Conference Room    တွင်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ နှင့် ကိုရီးယား K-pop အနုပညာ ရှင်များသည်  ၂၀၂၄ ခုနှစ်   ဧပြီ ၁၂ ရက်  ညပိုင်းတွင် MRTV HD Channel မှ ရိုက်ကူးထုတ်လွှင့်မည့် နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ပွဲစဉ် (၃) တေးဂီတဖျော်ဖြေပွဲ   Friday Night Live Show ၌ ပူးပေါင်းပါဝင် ဖျော်ဖြေနိုင်ရန်နှင့် မဟာသင်္ကြန် ပွဲတော်ကာလအတွင်း နေပြည် တော်   လမ်းလျှောက်သင်္ကြန်၌ ကိုရီးယား K-pop အဆို၊ အက များဖြင့်     တင်ဆက်နိုင်ရန်တို့ အတွက်    အသေးစိတ်ဆွေးနွေး ကြသည်။ 
အဆိုပါ   ကိုရီးယား K-pop အနုပညာရှင် ၂၄ ဦးပါ ပထမအဖွဲ့ တွင် ရုပ်ရှင်/ရုပ်သံ ဇာတ်လမ်းတွဲ ပေါင်းများစွာ ရိုက်ကူးထားသည့် သရုပ်ဆောင်      ဘတ်အွန်းဟီး၊ K-pop   အဆိုတော်များဖြစ်ကြ သည့် Rejen ၊ Henny နှင့် 7 Kids Doll Group (ဝဲပုံ)၊ Astel Dance Group နှင့်  DJ-Saemi တို့ ပါဝင် ကြပြီး   ၎င်းတို့အဖွဲ့မှ  ငါးဦးပါ အဖွဲ့သည်     ဧပြီ  ၁၁   ရက်တွင် လည်းကောင်း၊  ၁၉ ဦးပါ ဒုတိယ အဖွဲ့သည်   ဧပြီ    ၁၄    ရက်တွင်    လည်းကောင်း အသီးသီး ထပ်မံ ရောက်ရှိကြမည်ဖြစ်ကြောင်း သိရ သည်။                    

သတင်းစဉ်