
နေပြည်တော် စက်တင်ဘာ ၁၀
နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် သီရိရတနာ အဆင့်မြင့်ဈေးဆိုင် ခန်းများ ပတ်ဝန်းကျင်လမ်းဘေး ဝဲ/ယာ မြက်ချုံနွယ်များ ရှင်းလင်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့ရှိ မင်္ဂလာရပ်ကွက်ဗိုလ်တောက်ထိန်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကိုလည်းကောင်း (ယာပုံ)၊ ရွှေချီရပ်ကွက် အထက(၁)အနီး လမ်းဘေးတစ်လျှောက် စည်းကမ်း မဲ့ အမှိုက်များ စနစ်တကျစွန့်ပစ် သိမ်းဆည်းနိုင်ရန် အလျားပေ ၂၀၊ အနံရှစ်ပေနှင့် အမြင့်ငါးပေ အရွယ် အစားရှိ အမှိုက်ကန်ထားရှိမည့် နေရာတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကင်ပွန်းတန်းအုပ်စု အာဟာရသုခဈေးမှ သကြားစက် သွားလမ်းဘေးရှိ စွန့်ပစ်အမှိုက်ပုံ များ သိမ်းဆည်းနေမှုကို လည်း ကောင်း၊ မင်္ဂလာရှမ်းကန်ပတ်ဝန်း ကျင် သန့်ရှင်းသပ်ရပ် သာယာ လှပရေး ဆောင်ရွက်ထားမှုအခြေအနေများကို လည်းကောင်း၊ ရာဇဌာနီလမ်းမကြီးနှင့် စိန်ချယ် လမ်း လမ်းဆုံတွင် Box Culvert တစ်စင်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားကြောင်း သိရသည်။
သတင်းစဉ်