
နေပြည်တော် မေ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တွင် နွေစပါးတစ်ဧက တင်း ၁၂၀ အထက် ထွက်ရှိ ရေး ဧက ၅၀ စံပြကွက်တွင် နွေစပါးစံကွက်ရိတ်သိမ်း ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိ မြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု စံပြစိုက်ကွင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
ကြိုးပမ်းဆောင်ရွက်
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက် ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားရေး၊ စီးပွားရေးကောင်းမွန်ရေးတို့ကို ဦးစားပေးဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း နွေစပါးရာသီတွင် မျိုးစေ့ထုတ်လုပ်ငန်းများကို တောင်သူလယ်သမားများက သက်ဆိုင်ရာကုမ္ပဏီ များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေ ကြောင်း၊ တစ်ဧကအကျိုးအမြတ် ပိုမိုရရှိနေကြောင်း၊ သီးနှံမျိုးစုံ မျိုးစေ့ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင်ထွန်းအောင်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့် စံပြကွက် ရိတ်သိမ်းမှုအခြေအနေများကို လည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဘဌေးက မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် တဲကြီးကုန်း ကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၅၉) အတွင်းရှိ တောင်သူ ဦးအောင်ငွေ၏ နွေစပါးစံကွက်ရိတ်သိမ်း နေမှုကို ကြည့်ရှုအားပေးရာ နေပြည်တော်စိုက်ပျိုး ရေးဦးစီးဌာန တိုင်းဦးစီးမှူးက နွေစပါးစံကွက် ရိတ်သိမ်းနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများကို မျိုးကောင်းမျိုးသန့်စပါးများရရှိရေး၊ သီးနှံအထွက် နှုန်း တိုးတက်မြင့်မားရေးအတွက် အသိပညာပေးရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေး စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
ယနေ့ တဲကြီးကုန်းကျေးရွာ တောင်သူ ဦးအောင်ငွေ ကွင်းအမှတ်(၁၆၅၉)တွင် စိုက်ပျိုးထား သည့် ထိုင်းနှံကောက်စပါးမျိုးကို ရိတ်သိမ်းရာတွင် တစ်ဧက ၁၂၅ တင်းကျော်ထွက်ရှိပြီး အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်းနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း ၂၀၂၁- ၂၀၂၂ ခုနှစ် တွင် နွေစပါးစိုက်ပျိုးမှုဧကအနေဖြင့် စီမံကိန်း လျာထား ဧက ၁၈၈၀၃ ဧကဖြစ်ပြီး ၂၇၉၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်