နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ကြည့်ရှုအားပေး

 

နေပြည်တော်  စက်တင်ဘာ  ၂၆


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့်  အဆောင်များတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့် ဆောင်ရွက်ခြင်း၊  Fever  surveillance  ပြုလုပ်ခြင်း တို့ကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြသည်။


ထိုသို့ဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ  ဒေါက်တာမောင်မောင်နိုင်နှင့်     အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ     ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင်  နေထိုင်ကြသော  ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်း ၂၀၁၀ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုကို   သွားရောက်ကြည့်ရှု အားပေးပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ လာရောက် စစ်ဆေးကြသည့် ဝန်ထမ်းများကို   နှာခေါင်းစည်း များ ဖြန့်ဝေပေးကာ  ရင်းရင်းနှီးနှီး   အားပေးစကား ပြောကြားကြောင်း သိရသည်။          

 သတင်းစဉ်