နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


ပြည်ထောင်စုနယ်မြေ  နေပြည် တော် ဇေယျာသီရိမြို့နယ်  အမှတ် (၂) အခြေခံပညာ   အထက်တန်း ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့်  ဘက်စုံဆုပေးပွဲ အခမ်းအနား ကို  ယနေ့  နံနက်ပိုင်းက  အဆိုပါ ကျောင်းခန်းမ ၌ ကျင်းပသည်။

 


အခမ်းအနားတွင် ဇေယျာသီရိ မြို့နယ်    ပညာရေးမှူး    ဆရာ ဦးခင်မောင်လွင်နှင့် ကျောင်းအုပ် ဆရာကြီး ဦးအောင်မိုးတို့က အမှာ စကားပြောကြားပြီး   မူလတန်း ကြိုမှ Grade 11 အထိ   အတန်း အသီးသီးအလိုက်ရှိ ကျောင်းသား ကျောင်းသူ       လေးများက တေးသရုပ်ဖော် ကပြဖျော်ဖြေခြင်း၊ တစ်ဦးချင်းစွမ်းရည်ပြ    သီဆို တီးခတ်ခြင်းများဖြင့်  ဖျော်ဖြေခဲ့ ကြသည်။

 


ထို့နောက်  ကျောင်း၏လိုအပ် ချက်များကို   ပံ့ပိုးကူညီပေးကြ သော  ဇေယျာသီရိ   တပ်နယ် အတွင်းရှိ     တပ်ရင်းများအား   ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ များကို  ကျောင်းတာဝန်ရှိသူများ က   ပေးအပ်ပြီး ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်  ဘက်စုံပညာထူးချွန်ဆု ရရှိသော ကျောင်းသား ကျောင်းသူ များနှင့်   ၂၀၂၁-၂၀၂၂   ပညာသင် နှစ်တွင် A အဆင့် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများနှင့် ကျောင်းအကျိုး တော်ဆောင်များက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သွန်းဝဿန်၊ ဓာတ်ပုံ - သုခဟန်