
နေပြည်တော် မေ ၁၀
ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိ မြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၁)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရိဝုဏ် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋိ ကျောင်းဆောင်၊ အဘိ သန္န ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည် တော် ပုဗ္ဗသီရိမြို့နယ် ရန်အောင် မြင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာအမှူး ပြုသော သံဃာတော်အရှင်သူ မြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်း ဝန်၊ ဌာနကြီးမှူးနှင့် ဌာနမှူးများ၊ အလှူရှင် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြ သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ကာ နေပြည်တော် ပုဗ္ဗ သီရိမြို့နယ် ရန်အောင်မြင် ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ မထေရ် မြတ်ထံမှ ဒုတိယမြို့တော်ဝန် အမှူးပြုသော ဧည့်ပရိသတ် များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တာဝန်ရှိသူ များက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ပဋ္ဌာန်းကျမ်း စာအုပ်၊ ပဋ္ဌာန်းအိုးနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ မထေရ်မြတ်ထံမှ ဒုတိယမြို့တော်ဝန် အမှူးပြု သော ဧည့်ပရိသတ်များက လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာ တရားနာ ကြား၍ အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနား ရုပ်သိမ်းပြီး အလှည့်ကျပဋ္ဌာန ဘာဏကသံဃာတော်မှ မဟာ ပဋ္ဌာန်း ဒေသနာတော်ကြီးအား စတင်ရွတ်ဖတ်ပူဇော်ကာ ပဋ္ဌာန်း ပူဇော်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၄ ရက်အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်