နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်တော် အရှေ့ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  မေ   ၁၄


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရှိ ဓာတုစယဓာတ်ပေါင်းစု   စေတီတော်မြတ်ကြီး ပရိဝုဏ်တော်၏ အရှေ့အရပ်ရှိ မဟာဗောဓိညောင်ပင် တော်အား (၁၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇   နာရီက   စေတီတော်မြတ်ကြီးပရိဝုဏ် အတွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊     ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးနှင့် ဒုဌာနမှူးများ၊ အလှူရှင် များနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြ သည်။

 


အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကာ အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရန်ပန်ကြားသည့် မဟာဗောဓိ ရုက္ခေါဒကသိဉ္ဇန ဥုံယျောဇနဂါထာကို ဖတ်ကြားပူဇော်သည်။

 


ထို့နောက်      နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်  ဒေါက်တာမောင်မောင်နိုင်၊  ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်  နှင့်       တာဝန်ရှိသူ များ၊ အလှူရှင်များနှင့်  ဧည့်ပရိသတ်များက မဟာ ဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ပြီးမြောက် ခဲ့ကြောင်း သိရသည်။                                        

သတင်းစဉ်