နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှု ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   မေ   ၁၄


ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ဇမ္ဗူသီရိ မြို့နယ်ရှိ  ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ် ကြီး (၄၁)ကြိမ်မြောက်  အသံမစဲမဟာ ပဋ္ဌာန်းရွတ် ဖတ်ပူဇော်မှုပဋ္ဌာန်းသိမ်း  အောင်ပွဲမင်္ဂလာအခမ်း အနားကို ယနေ့နံနက် ၈ နာရီက စေတီတော်မြတ် ကြီးပရိဝုဏ်   မဟာမြတ်မုနိ   ရုပ်ရှင်တော်မြတ်၊   ဂန္ဓကုဋိကျောင်းဆောင်၊   အဘိသန္နဗိမာန်တော်၌  ကျင်းပပြုလုပ်ရာ  နေပြည်တော်   ဇမ္ဗူသီရိမြို့နယ်  သပြေကုန်းရပ်ကွက် မစိုးရိမ်စာသင်တိုက်   ပဓာန နာယက   ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ   အမှူးပြုသော  သံဃာတော်အရှင်သူမြတ်များ   ကြွရောက်တော်မူ ကြပြီး နေပြည်တော်  စည်ပင်သာယာရေးကော်မတီမှ   ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်း ဝန်၊  ဌာနကြီးမှူးနှင့် ဌာနမှူးများ၊ အလှူရှင်ဧည့် ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

 


အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ မစိုးရိမ်စာသင်တိုက် ပဓာနနာယကဆရာတော်  ဘဒ္ဒန္တ အဂ္ဂဓမ္မမထေရ် မြတ်ထံမှဒုတိယ  မြို့တော်ဝန်အမှူးပြုသော  ဧည့် ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြ ပြီး  ဆရာတော်  သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ  ရွတ်ပွားပူဇော် ကြသည်။ 

 


ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိ သူများက ဆရာတော်  သံဃာတော်   အရှင်သူမြတ် များထံ  လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်း ကြကာ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ ဒုတိယ   မြို့တော်ဝန်အမှူးပြုသော   ဧည့်ပရိသတ် များက လှူဒါန်းမှု အစုစုတို့အတွက်   သာဓုအနုမော ဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြပြီး   ဗုဒ္ဓသာသနံစိရံတိဋ္ဌတု   သုံးကြိမ်ရွတ်ဆို   ဘုရားကန်တော့ကာ    အခမ်းအနားပြီးမြောက်ခဲ့ ကြောင်း သိရသည်။          

               

သတင်းစဉ်