
အုတ်တွင်း နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျွဲပွဲ မြို့ ဆွဲလဲချောင်းကျေးရွာအုပ်စု ရွာမကျေးရွာ၌ ကျေးလက်မီးလင်းရေး NEP-2 စီမံချက်ဖြင့် တည်ဆောက်ခဲ့သော ၁၁ ကေဗွီ ဓာတ်အား လိုင်း ၀ ဒသမ ၄၇ မိုင်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာဖွင့်ပွဲ ကို နိုဝင်ဘာ ၁ ရက်က ကျင်းပသည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်က အမှာစကား ပြောကြားပြီး မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်မင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေးနှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေး ပညာပေး ပြောကြားသည်။ ထို့နောက် ကျေးလက်မီးလင်း ရေး NEP-2 စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဦးကျော်ကျော်လွင်၊ မြို့လျှပ်စစ်အင်ဂျင်နီယာ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖွင့်လှစ်ပေး ခဲ့သည်။
ကျွဲပွဲမြို့ ဆွဲလဲချောင်းကျေးရွာအုပ်စု ရွာမ ကျေးရွာ၌ ကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း NEP-2 စီမံချက် ပြည်ထောင်စုရန်ပုံငွေ ဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀ ဒသမ ၄၇ မိုင်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးခွင့်ပြုပေးပြီး ကျေးရွာ မှ ပြည်သူများထည့်ဝင်ငွေဖြင့် ၄၀၀ ဗို့ဓာတ်အား လိုင်း ပေ ၄၀၀၀ ကို ကျေးလက်မီးလင်းရေး ကော်မတီက ဦးဆောင်၍ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ ကျေးရွာရှိ အိမ်ခြေ ၆၀ မှ ကျေးလက်နေပြည်သူများ၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် ရွာ တွင်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားရရှိအသုံးပြုနိုင်ပြီဖြစ်ကာ လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးကို ပြည်သူများ အကျိုးရှိစွာအသုံးချတတ်စေရန် အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေး ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)