နွေစပါးဧက ၈၀၀ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယာယီဖြူးချောင်းပိတ် လုပ်ငန်းတည်ဆောက်ရေး မြေနေရာသို့ ကြည့်ရှုစစ်ဆေး

 

ဖြူး     မေ      ၂၂


ပဲခူးတိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်း က    ဖြူးမြို့နယ်       သဖန်းတန်း ကျေးရွာအနီး နွေစပါးဧက ၈၀၀   တိုးချဲ့စိုက်ပျိုးနိုင်ရေး         ယာယီ ဖြူးချောင်းပိတ်   လုပ်ငန်း  တည် ဆောက်ရေး မြေနေရာသို့ ကြည့်ရှု စစ်ဆေးရှိပြီး      တာဝန်ရှိသူများ အား     သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ တည်ဆောက်ပြီးစီး နိုင်ရေး မှာကြားသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်    အုတ်တွင်းမြို့ နယ်      ဘန့်ဘွေးကုန်းကျေးရွာ အုပ်စု     ဦးသန်းနိုင်၏    ဆင်းသုခ မျိုးစပါး    စံပြကွက်      ရိတ်သိမ်း ခြွေလှေ့နေမှုကို          ကြည့်ရှုပြီး နွေစပါး   တစ်ဧက တင်း   ၁၈၀ ကျော် ထွက်ရှိသည့် GW11 စပါး မျိုးကို ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးကာ ခိုင်မာပြီးဈေးကွက် ရှိစပါးမျိုးများ တိုးချဲ့စိုက်ပျိုးသွား ရေး၊   သွင်းအားစု   လျှော့ချသုံးစွဲ နိုင်ရေး၊    မြေယာဓာတ်ခွဲစမ်းသပ် ခြင်းနှင့်               သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့်     အသိ ပညာပေး     ဆောင်ရွက်သွားရန်  တာဝန်ရှိသူများအား မှာကြားပြီး တောင်သူများအား နေကြာမျိုးစေ့ များ ပေးအပ်သည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံ တက်လူနာများ၊ လူနာစောင့်များ၊  ကျန်းမာရေး     ဝန်ထမ်းများအား ရင်းရင်းနှီးနှီး     တွေ့ဆုံနှုတ်ဆက် အားပေးစကား        ပြောကြားပြီး Oxygen Plant ပြင်ဆင်နိုင်ရေး၊ ဆေးရုံတွင်း /ပြင် သန့်ရှင်းသပ်ရပ် စေရေးတို့ကို  တာဝန်ရှိသူများအား မှာကြားပြီး ကျန်းမာရေးဝန်ထမ်း များအား           ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် မြို့ရိုးဟောင်း ပေါ်ရှိ  ပြတိုက်ဟောင်းနေရာနှင့် ကျုံးအနောက်ဘက်ခြမ်း အပန်း ဖြေ    ဥယျာဉ်တည်ဆောက်မည့် မြေနေရာတို့ကို  ကြည့်ရှုစစ်ဆေး ပြီး  ဌာနဆိုင်ရာ  မြေနေများတွင်  ကျူးကျော်မှုမရှိစေရေး တာဝန်ရှိ သူများအား မှာကြားသည်။

 


ထို့နောက်      တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   တောင်ငူမြို့ ဆုတောင်းပြည့် ရွှေဆံတော်စေတီ တော်သို့          သွားရောက်ဖူးမြော် ကန်တော့ခဲ့ပြီး    ပန်း၊   ရေချမ်း၊ ဆီမီးနှင့်     ဘက်စုံပြုပြင်     မွမ်းမံ နိုင်ရေး        အလှူတော်ငွေများ      ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။                        

သတင်းစဉ်