နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် နည်းပညာများကို သင်ကြားပို့ချ

 

နေပြည်တော်   မတ်   ၁၄


တိုင်းရင်းသား    လူမျိုးများရေးရာ ဝန်ကြီးဌာန  တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနနှင့်   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍     ကျင်းပ သည့်       လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု  နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို      ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌  ကျင်းပသည်။
အခမ်းအနားသို့    တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော် အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ အမြဲတမ်းအတွင်းဝန်၊       ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  အရာ ထမ်းများ၊  အမှုထမ်းများ၊ သင်တန်း နည်းပြများနှင့်    သင်တန်းသား သင်တန်းသူများ    တက်ရောက်ကြ သည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာန မှ    ဝန်ထမ်းများနှင့်     ဝန်ထမ်း မိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်    နည်းပညာများ ကို    သင်ယူတတ်မြောက်စေရန် တတ်မြောက်လာသည့်နည်းပညာ ကိုအသုံးချ၍    ဝန်ထမ်းမိသားစု များ  သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင်        တစ်ဖက် တစ်လမ်းမှ  ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို   တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန်       ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်း     ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ် လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံး ကုန်ပစ္စည်းများ    ထုတ်လုပ်သည့် နည်းပညာများကို    သမဝါယမ နှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊    အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ         သင်တန်း နည်းပြများက   သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း၊    သင်တန်း သား၊   သင်တန်းသူများအနေဖြင့် ယခုသင်တန်းက    သင်ကြားပို့ချ ပေးသည့်  လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်    နည်းပညာများ ကို   ကြိုးစားသင်ယူပြီး တစ်ဖက် တစ်လမ်းမှ    အပိုဝင်ငွေရရှိရေး အတွက် ပြန်လည်အသုံးချနိုင်ရေးကြိုးစားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက်  ဒုတိယဝန်ကြီးက  နိုင်ငံတော်က     ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည် ချက် (၉) ရပ်တို့နှင့်အညီ  MSME လုပ်ငန်းများအား  ဖွံဖြိုးတိုးတက် စေရေးအတွက်    တိုင်းရင်းသား လူမျိုးများရေးရာ  ဝန်ကြီးဌာနနှင့် သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနတို့       ပူးပေါင်း၍ ဖွင့်လှစ်ပို့ချပေးသည့် ယခုသင်တန်း သည်  တိုင်းရင်းသားများ၏ လူမှု စီးပွားဘဝ    ဖွံဖြိုးတိုးတက်ရေး အတွက်      အထောက်အပံ့ဖြစ်စေ ကြောင်း ပြောကြားသည်။
ယခုသင်တန်းကို    မတ် ၁၄  ရက်မှ ၁၈ ရက်အထိ ငါးရက်ကြာ   စာတွေ့လက်တွေ့    သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး    သင်တန်းသား     သင်တန်းသူ        စုစုပေါင်း   ၂၀ တက်ရောက်သင်ကြားမည်   ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်