နောင်တရားမြို့အထကကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

နောင်တရား   ဇွန်  ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်    နောင်တရားမြို့   အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း၌ နောင်တရားမြို့ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက  ကျောင်းပတ်ဝန်းကျင်   သန့်ရှင်းသာယာလှပရေးအတွက်    ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။

 


အဆိုပါ    စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  နောင်တရား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့်  ဒေသခံပြည်သူ များက  ကျောင်းတွင်း၊  ကျောင်းပြင်   သန့်ရှင်းသာယာလှပရေးအတွက်   စုပေါင်းသန့်ရှင်းရေး    ဆောင်ရွက်ကြသည်။     စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ကြီးကြပ် ဆောင်ရွက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

 

ခွန်အောင်(နောင်တရား)