နောင်တွင် နိုင်ငံသားကတ်ရရှိပြီးသူများအနေဖြင့် e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာ၌ အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မည်

 

နေပြည်တော်  ဩဂုတ်  ၁၇


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးခင်ရီသည်   ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့ နံနက်ပိုင်းက    ပြည်ထောင်စု နယ်မြေ   နေပြည်တော် ဇေယျာ သီရိမြို့နယ် ကျောက်ချက်ကျေးရွာ ရှိ    ဓမ္မသုခလယ်ပြင်ဦး   ကျောင်း တိုက်ဓမ္မာရုံ၌    ကျောက်ချက် ကျေးရွာအုပ်စုအတွင်းရှိ ကျောက် ချက်၊ အလယ်ရွာ၊ ထိန်ပင်၊ ရှမ်းရွာ၊ အိုင်စောက် စသည့်ကျေးရွာများမှ ရပ်မိရပ်ဖများ၊  ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။ 

 


ထိုသို့       တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက   မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိနိုင်ရေးအတွက်    အထောက် အထားတစ်ခုဖြစ်သည့် နိုင်ငံသား ကတ်  ထုတ်ပေးခြင်းလုပ်ငန်းကို ယခုအခါ   ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊  နိုင်ငံသားကတ်သည် နိုင်ငံသား   တစ်ယောက်အတွက် လူမှုစီးပွားဘဝ    ဆောင်ရွက်မှု တိုင်း၌ မရှိမဖြစ်အရေးကြီးသည့် ကတ်ပြားတစ်ခု    ဖြစ်ကြောင်း၊ ပြည်သူများအတွက်     ပန်းခင်း စီမံချက်ဖြင့်     ဆောင်ရွက်ပေး ရာတွင် လုပ်ငန်းဆိုင်ရာ ကုန်ကျ စရိတ်များအား      နိုင်ငံတော်မှ ကျခံ     ပေးထားသည့်အတွက် ကတ်ပြား မဆောင်ရွက်ရသေးသူ များက ၎င်းတို့၏   သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးများသို့   အသိပေးဆောင် ရွက်ကြရန်သာ ဖြစ်ကြောင်း။ 

 


လက်ရှိ    နိုင်ငံတော်အစိုးရ အနေဖြင့်    နိုင်ငံတော်အတွက် ဒစ်ဂျစ်တယ်စနစ်  ပြောင်းလဲနိုင် ရေးအတွက် e-ID စနစ်ကို မိမိတို့ ဌာနမှ    အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိရာ   နောင်တွင်  နိုင်ငံသားကတ် ရရှိပြီးသူများအနေ ဖြင့် e-ID စနစ်လုပ်ငန်း ဆောင်ရွက် ရာ၌   အလွယ်တကူ  ချိတ်ဆက် ဆောင်ရွက်နိုင်မည်  ဖြစ်ကြောင်း၊ ထို့ကြောင့်       နိုင်ငံသားအားလုံး နိုင်ငံသားကတ် ရရှိကိုင်ဆောင်နိုင် ရေးသည်       အရေးကြီးသည့် လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ် ကာ ပန်းခင်းစီမံချက်ဖြင့် ဆောင် ရွက်ပေးနေခြင်း     ဖြစ်ကြောင်း၊ သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာ ရပ်မိရပ်ဖများကလည်း မိမိဒေသခံ ပြည်သူများအနက်    နိုင်ငံသား ကတ်       မရှိသေးသူစာရင်းများ ပြုစု၍   သက်ဆိုင်ရာ  မြို့နယ်ရုံး များနှင့်   ချိတ်ဆက်ဆောင်ရွက် ပေးကြစေလိုကြောင်း     အကျယ် တဝင့်        ရှင်းလင်းပြောကြား သည်။ 

 


ယင်းနောက်   တက်ရောက် လာကြသည့် ဒေသခံပြည်သူများ က နိုင်ငံသားကတ်ပြား ထုတ်ပေး ခြင်းလုပ်ငန်းနှင့်    ပတ်သက်၍ သိရှိလိုသည်များနှင့်     လုပ်ငန်း ဆိုင်ရာ        အခက်အခဲများကို မေးမြန်းဆွေးနွေး  တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက   ပြန်လည်ရှင်းလင်း ပြောကြား၍   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 


ဆက်လက်၍ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောက်ချက်     ကျေးရွာအုပ်စု အတွင်းရှိ       ရွာသူရွာသားများ အတွက် ပန်းခင်းစီမံချက် အဆင့် (၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်သည့်   နိုင်ငံသားစိစစ်ရေး ကတ်များကို        ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ကြရာ     သက်ဆိုင်ရာ ကာယကံရှင်များက   လက်ခံရယူ ကြပြီး ရွာသူရွာသားများ ကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။

 


အဆိုပါ   အခမ်းအနားတွင် ကျောက်ချက်       ကျေးရွာအုပ်စု အတွင်းရှိ ရွာသူရွာသားများအနက် နိုင်ငံသားကတ်     မရှိသူများ၊ အသက်ပြည့်မီလာသူများ၊ ပျောက် ဆုံးပျက်စီးမှုနှင့် လဲလှယ်သူများ အပါအဝင်    နိုင်ငံသားစိစစ်ရေး ကတ်   စုစုပေါင်း     ၃၃၅   ကတ် ကို  ပန်းခင်းစီမံချက်  အဆင့်(၂) ဖြင့်   ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ ကြောင်းသိရသည်။ 

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်   ဓမ္မသုခ လယ်ပြင်ဦး ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တ တိလောကအား     သွားရောက် ဖူးမြော်ကြည်ညို၍  လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ သာသနာရေးဆိုင်ရာများ မေးမြန်း လျှောက်ထားသည်။ 

 


ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည်    ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုနယ်မြေ   နေပြည် တော်ရှိ  တိုင်း၊   ခရိုင်၊   မြို့နယ် ဦးစီးမှူးရုံးများမှ      ဝန်ထမ်းများ နှင့်    တွေ့ဆုံခဲ့ကြောင်း   သိရ သည်။ 


သတင်းစဉ်