နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို ဖမ်းဆီးရမိ 

 

 

နေပြည်တော်    ဇွန်   ၇
ရှမ်းပြည်နယ်မြောက်ပိုင်း       နောင်ချို မြို့နယ်တွင်    ငွေကျပ်သိန်း    ၃၂၀၀ ကျော် တန်ဖိုးရှိ     ဘိန်းဖြူ    ၂၁   ဒသမ  ၆   ကီလို   ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရသည်။
မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ    ပါဝင်သော ပူးပေါင်းအဖွဲ့သည်    ဇွန်   ၃   ရက်    မွန်းလွဲ ၂ နာရီတွင်    ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နယ်      မန္တလေး-လားရှိုးသွား ကားလမ်း   နောင်ချိုမြို့အဝင်  အိုရီယမ်တယ်  တိုးဂိတ်အနီးတွင်   သီပေါမှ          မန္တလေးဘက် သို့ ရဲကျော်သူရ  မောင်းနှင်လာသည့် FUSO ၁၂ ဘီး   မော်တော်ယာဉ်ကို   သတင်းအရ    ရှာဖွေရာ        ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ  ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို  သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးဖော်ထုတ်ချက်အရ   သိမ်းဆည်း ရမိ     ဘိန်းဖြူများကို        ရှမ်းပြည်နယ် မြောက်ပိုင်းမှ   မန္တလေးတိုင်းဒေသကြီးသို့   သယ်ဆောင်ခြင်းဖြစ်ကြောင်း    သိရှိရသဖြင့် ၎င်းအား       ဥပဒေအရအရေးယူထားရှိပြီး      ကွင်းဆက်        ပြစ်မှုကျူးလွန်သူများကို   ဆက်လက်စစ်ဆေး         ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။                သတင်းစဉ်