
နေပြည်တော် မေ ၂၄
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီတွင် နောင်ချိုမြို့နယ် ဒုဋ္ဌဝတီတံတား တွင် ရပ်စောက်မှ နောင်ချိုသို့ ယာဉ်မောင်း ဝဏ္ဏထွန်း မောင်းနှင် ပြီး ကျော်ကျော်မင်း လိုက်ပါလာ သည့် HYUNDAI အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဆန် အိတ်များဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိ ခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်ချက်အရ မေ ၂၂ ရက် ညနေ ၆ နာရီတွင် ပုသိမ်ကြီး မြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ် အနီး အိုရီယမ်တယ်တိုးဂိတ်တွင် ဘိန်းဖြူများ တာဝန်ခံသယ်ဆောင် သူ သန့်ဇင်အောင်(ခ) သန့်ဇင်အား Mark X မော်တော်ယာဉ်တစ်စီး နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်