နောင်ချိုမြို့နယ် ယာပြင်ကျေးရွာရှိ ဒေသခံပြည်သူများ၏ သီးနှံစိုက်ခင်းများမှ သီးနှံများအား နယ်မြေခံတပ်မတော်သားများက ဝယ်ယူအားပေး

 

နေပြည်တော်  ဩဂုတ်  ၂၅


ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု များ ဖြစ်ပေါ်ပြီး ဈေးကွက်အတွင်း ရောင်းချရန် အခက်အခဲဖြစ်နေသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ သီးနှံစိုက်ခင်းများသို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဝယ်ယူပေးလျက် ရှိရာ ဩဂုတ် ၂၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ယာပြင်ကျေးရွာရှိ ဒေသခံပြည်သူများ၏ သီးနှံစိုက်ခင်းများမှ ဂေါ်ဖီထုပ် ၂၀၀၀ နှင့် ပန်းဂေါ်ဖီ ၂၀၀၀ တို့ကို နယ်မြေခံတပ်မတော်သားများက သွားရောက်ဝယ်ယူခဲ့ပြီး ယနေ့တွင် လားရှိုးမြို့၊ သိန်းနီမြို့နှင့် နမ့်ပေါင် မြို့များရှိ   တပ်မတော်သားမိသားစုဝင်များနှင့်   ဌာနဆိုင်ရာဝန်ထမ်း များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်