နောက်ထပ်ထိုးသတ်မည့်ပွဲအတွက် စာချုပ်ချုပ်ထားဟု အောင်လအန်ဆန် အသိပေး

 

ရန်ကုန်   ဒီဇင်ဘာ   ၈


မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် နောက်ထပ်ထိုးသတ် မည့်ပွဲအတွက် ONE Championship နှင့် စာချုပ် ချုပ်ဆိုပြီးစီးကြောင်း ၎င်း၏ လူမှုကွန်ရက် Facebook မှတစ်ဆင့် အသိပေးခဲ့သည်။
အောင်လအန်ဆန်သည်  နိုဝင်ဘာ ၁၉ ရက်က ဂျပန်နိုင်ငံသား အိုကာမီနှင့်     ထိုးသတ်အပြီး      နှစ်ပတ်ဝန်းကျင်အကြာမှာပင် နောက်ထပ်ပွဲအတွက် ONE Championship နှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။    

 


အောင်လအန်ဆန်သည်  ONE Championship နှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သော်လည်း ပြိုင်ဘက် ကစားသမားနှင့် ထိုးသတ်ရမည့်ရက် မသိရသေးဘဲ ၂၀၂၃ နှစ်ဆန်းပိုင်းမှသာ   အစောဆုံး   ဖြစ်ဖွယ်ရှိနေ သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းသာ ထိုးသတ်မည်ဖြစ်ကြောင်း    ကြေညာထားသဖြင့် လာမည့်ပွဲကိုလည်း မစ်ဒယ်ဝိတ်တန်းသာ ထိုးသတ် ရမည်ဖြစ်ပြီး ချန်ပီယံလုပွဲ သို့မဟုတ် စိန်ခေါ်ပွဲကိုမူ ONE Championship   က    ထပ်မံထုတ်ပြန် မည်ဖြစ်သည်။

 


အောင်လအန်ဆန်သည် ၎င်းလက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်ရယူနိုင် ရန် ပစ်မှတ်ထားကြိုးပမ်းနေသူဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ဆု လက်လွှတ်ရအပြီး စိန်ခေါ်ပွဲ သုံးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊   တစ်ပွဲအရေးနိမ့်ထားသည်။   အောင်လ အန်ဆန်သည် ပြီးခဲ့သည့်နှစ်က ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ထိုးသတ်ရာ အနိုင်ရခဲ့သော်လည်း ယခုနှစ် ဖေဖော်ဝါရီက ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် ထိုးသတ်ရာ အမှတ်ဖြင့် အရေးနိမ့်ခဲ့သည်။ နောက်ဆုံး ပွဲအဖြစ်  ယခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင်  ဂျပန်နိုင်ငံ သား    အိုကာမီနှင့်   မစ်ဒယ်ဝိတ်တန်း   စိန်ခေါ်ပွဲ ထိုးသတ်ရာ ပထမအချီမှာပင် အနိုင်ရခဲ့ခြင်းဖြစ်သည်


ကိုညီလေး၊ ဓာတ်ပုံ- ONE