နောက်ထပ်စတားလင့်ခ်အင်တာနက် ဂြိုဟ်တု ၅၃ လုံးကို SpaceX အောင်မြင်စွာလွှတ်တင်

 

လော့စ်အိန်ဂျလိစ် အောက်တိုဘာ ၂၉ - အမေရိကန်ပုဂ္ဂလိက အာကာသကုမ္ပဏီ    SpaceX   သည်  နောက်ထပ်စတားလင့်ခ်အင်တာနက် ဂြိုဟ်တု ၅၃ လုံးကို ပတ်လမ်းထဲသို့ အောင်မြင်စွာလွှတ်တင်လိုက်ကြောင်း သိရသည်။ 

 


ကယ်လီဖိုးနီးယား အာကာသတပ်ဖွဲ့အခြေစိုက်စခန်း ဗန်ဒန်းဘာ့ဂ်ရှိ အာကာသလွှတ်တင်ရေး ကွန်းပလက်ဇ် ၄ အီးမှ  ဖယ်ကွန် ၉ ဒုံးပျံကို အောက်တိုဘာ ၂၇ ရက်က ပစိဖိတ်စံတော်ချိန် ညနေ ၆ နာရီ ၁၄ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လွှတ်တင်ပြီးနောက် စတားလင့်ခ်ဂြိုဟ်တုများကို ဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း SpaceX က  အတည်ပြုခဲ့သည်။ 

 


ဖယ်ကွန် ၉ ၏ ပထမအဆင့်သည် ပစိဖိတ်သမုဒ္ဒရာတွင် စခန်းချထားသည့် Of Course I Still Love You ဒရုန်းယာဉ်ပေါ်သို့ ဆင်းသက်ခဲ့ ကြောင်း ကုမ္ပဏီထံမှ သိရသည်။ အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားသော နေရာများ၊ သုံးစွဲခွင့် ဈေးကြီးသောနေရာများ သို့မဟုတ် လုံးဝအသုံးပြုခွင့် မရသော နေရာများသို့ မြန်နှုန်းမြင့် အင်တာနက်ကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း SpaceX ၏ အဆိုအရ သိရသည်။                    

ဆင်ဟွာ